ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဟင်္သာတမြို့နယ်၊အိပ်ပျက်ကျေး ရွာအုပ်စုရှိကျေးရွာများကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေး

ပုသိမ် မေ ၃၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းက ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေး ရွာအုပ်စုရှိကျေးရွာများကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် Geotextole ကမ်းထိန်းတမံ အလျား ၅၀၀၀ ပေ ဆောင်ရွက်ပြီးစီးခဲ့သည့်အခြေအနေများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် Geotextile ကမ်းထိန်းတမံ အလျား ၂၁၀၀ ပေ ဆက်လက်ဆောင်ရွက်နေသည့်အခြေအနေများနှင့် မြစ်ဖြတ်တူးမြောင်းအား cutter section dredger ၊ backhoe dredger စသည့် သောင်တူးရေယာဥ်များဖြင့်ဖောက်လုပ် နေသည့်အခြေအနေများအား ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က မကြာမီမြစ်ရေမြင့်တက်လာတော့မည်ဖြစ်၍ ဆောင်ရွက်ပြီးနှင့်ဆောင်ရွက်ဆဲ Geotextile ကမ်းထိန်းတမံများ၏ကြံ့ခိုင်မှုကို ထိခိုက်မှုမရှိ စေရေး မျက်ခြေမပြတ်စောင့်ကြည့်ဆောင်ရွက်ရန်နှင့် မြစ်ဖြတ်တူးမြောင်းအတွင်း ရေဝင်အားကောင်းစေပြီး တူးမြောင်းဖွံ့ဖြိုးမှု ပိုမိုမြန်ဆန်စေရန် လိုအပ်သည့်အားဖြည့်ဆောင်ရွက်မှုများကိုလည်း လုပ်ဆောင်သွားရန် မှာကြားခဲ့သည်။ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် Geotextile ကမ်းထိန်းတမံ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရေယာဥ်ဖြင့် လှည့်လည်ကြည့်ရှုခဲ့ပြီး မြစ်ဖြတ် တူးမြောင်းအား Backhoe Dredger ဖြင့် ဖွင့်ဖောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။

31-May-2025
2025 Ayeyarwady Division