ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး(၂/၂၀၂၅)ပြုလုပ်

ပုသိမ် မေ ၂၈

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး(၂/၂၀၂၅)ကို ယနေ့ နေ့လယ်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ ဧရာဝတီ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးကိုအခြေခံသည့် လုပ်ငန်းများ၊ မွေးမြူ ရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများ၊ ရေအားလျှပ်စစ်၊ လေအား လျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံမှုများရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းများကို ဖိတ်ခေါ်လျှက်ရှိပြီး ရင်းနှီးမြုပ်နှံမည့် လုပ်ငန်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုပေး လျက်ရှိပါကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံမှုပြုသည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ်ကာလ အတွင်း လုပ်ငန်းများအားအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ One Region One Product လုပ်ငန်းများ၊ ကြိမ်၊ ဝါး၊ ဗေဒါ၊ သင် \လုပ်ငန်းများတွင်လည်း ရင်းနှီးမြုပ်နှံသူများအားဖိတ်ခေါ်ပါကြောင်း၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြု ခွင့်ပြုပေးထားသည့် လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်း တိုးတက်မှုများအား ကြပ်မတ်စစ်ဆေးကြရန်နှင့် ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းများအား လုပ်ထုံး လုပ်နည်းများနှင့်အညီဖြစ်စေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း" အမှာစကားပြောကြား သည်။

ထို့နောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူးနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများက ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုဖြင့် ဆန်ကြိတ်ခွဲထုတ်လုပ် တင်ပို့ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထား လွှာတင်ပြခြင်းကိစ္စ၊ ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြခြင်းကိစ္စများ၊ ဖက်စပ်နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဖြင့် ရှယ်ယာလွှဲပြောင်းခွင့်ပြုပါရန် တင်ပြခြင်း ကိစ္စများအား ရှင်းလင်းတင်ပြခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၏ အထွေထွေ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

28-May-2025
2025 Ayeyarwady Division