ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသော စာအောင် အရှင်သူမြတ်များ၊ သာသနာ့နွယ်ဝင်သီလရှင်နှင့် လူပုဂ္ဂိုလ်တို့အား စာအောင်ဆုနှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားတက်ရောက်

ပုသိမ် မေ ၂၇

၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသော စာအောင် အရှင်သူမြတ်များ၊ သာသနာ့နွယ်ဝင်သီလရှင်နှင့် လူပုဂ္ဂိုလ် တို့အား စာအောင်ဆုနှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ နေ့လည်ပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် တက်ရောက်လာကြသူများမှ နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူ ဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များ ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာ လျှောက်ထားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲတွင် အောင်မြင်တော်မူကြသော စာအောင် အရှင်သူမြတ်များ၊ သာသနာ့နွယ်ဝင် သီလရှင်နှင့် လူပုဂ္ဂိုလ်တို့အား စာအောင်ဆုနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းခဲ့ရာ အစိုးရ ဓမ္မာစရိယစာမေးပွဲ၊ နိကာယ်စာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲ (ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်း)အောင်မြင်ခဲ့ကြသည့် သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကလည်းကောင်း၊ ပါဠိပထမပြန် အကြီးတန်းစာမေးပွဲ အောင်မြင်သည့် လူပုဂ္ဂိုလ်တစ်ဦးနှင့် ပါဠိပထမပြန်စာမေးပွဲ( အခြေပြုမူလတန်း)အောင်မြင်သည့် သီလရှင်ဆရာလေး(၄)ဦးတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးနှင့် တိုင်းဒေသကြီးဥပဒေချုပ် တို့ကလည်းကောင်း စာအောင်ဆုနှင့် အောင်လက်မှတ်များအသီးသီး ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားတော်များ နာယူကြည်ညို၍ ကုသိုလ်ကောင်းမှုအစုစု တို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြကာ ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်တို့က ဗုဒ္ဓသာသနံ စိရံတိဌတု ( ၃ )ကြိမ်ရွတ်ဆို ဆုတောင်းပတ္ထနာပြု၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါသည်။

27-May-2025
2025 Ayeyarwady Division