ပုသိမ် မေ ၂၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများနှင့်အတူ ယမန်နေ့ နေ့လည်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅)သို့တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမတွင် မေလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့၌ ကျင်းပပြုလုပ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခဲ့ပြီး လမ်းညွှန်မှာကြားချက် များကို အလေးအနက်ထားလိုက်နာဆောင်ရွက်ကြရန်၊ စာရင်းဇယား ကိန်းဂဏန်းအချက်အလက် များ တိကျမှန်ကန်မှုရှိစေရန်၊ ရည်မှန်းချက်ပေးထားသည့် လုပ်ငန်းများ၏လုပ်ငန်းဆောင်ရွက်မှု၊ တိုးတက်မှုအခြေအနေများအား မှတ်တမ်းမှတ်ရာများဖြင့် စနစ်တကျ ထိန်းသိမ်းထားရှိရန်၊ မိမိတို့၏လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့်လုပ်ဆောင်ရန်၊ သက်ဆိုင်ရာဌာနများအလိုက် ပေးအပ်ထားသည့် လုပ်ငန်း တာဝန်များ၊ လုပ်ငန်းရည်မှန်းချက်များကို အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ ပို့ကုန်နှစ်ဆတိုးတက်တင်ပို့နိုင်ရေးနှင့် တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်၊ သီးနှံစုံ ပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ စားသုံးဆီဖူလုံမှုရှိစေရေး ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ်၊ သီးနှံများ ပိုမိုတိုးတက်စိုက်ပျိုးနိုင်ရေးနှင့် ဧရာဝတီ ပေါ်ဆန်း အရည်အသွေးကောင်းမွန်ပြီး ဈေးကွက်ရရှိရေး ခရိုင်/ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့များ၊ တောင်သူများ ပူးပေါင်းဆောင်ရွက်ရန်၊ MSME လုပ်ငန်းများ တိုးတက်စေရေး ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရန်၊ မြို့၊ ရွာများ သန့်ရှင်း သာယာလှပစေရေးနှင့် Green Zone / Clean Zone များစနစ်တကျဖော်ဆောင်၍ စိမ်းလန်းစိုပြေ စေရေးဆောင်ရွက်ရန်၊ ယာယီနေရပ်စွန့်ခွာ ပြည်သူများမှ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံတက်ရောက်နိုင်စေရေး အုပ်ချုပ်ရေး၊ ပညာရေးအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ရန်နှင့် ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေး အဖွဲ့များအနေဖြင့် မိမိတို့အားပေးအပ်ထားသည့် လုပ်ငန်းတာဝန်များ၊ ရည်မှန်းချက်များအား လုပ်ထုံးလုပ်နည်းများနှင့်အညီ အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချူပ်မှ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။