ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် မြောင်းမြခရိုင်နှင့် ဖျာပုံခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပုသိမ်   မေ   ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မြောင်းမြမြို့နယ် မြကန်သာရပ်ကွက် အပြင်ပတ်လမ်း(စိုက်သိပ္ပံလမ်း) ကွန်ကရိလမ်းသစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရိလမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဘင်ခရာအဖွဲ့၊ ကရင်ဒုံးယိမ်းအဖွဲ့နှင့် အိုးစည်ဒိုးပတ်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ‌မြောင်းမြမြို့နယ်၊ ကျုံဝါးစိုက်ပျိုးရေးပညာပေးစခန်းတွင် ပြုလုပ်သည့်  တောင်သူများအား အောင်နိုင်တိုး၊ ရေဆင်းပေါ်ဆန်း၂ စပါးမျိုးများ၊ ပိုက်ဆံလျှော်မျိုးစေ့နှင့်မျိုးစေ့ချကိရိယာ(Drum Seeder)များ ပေးအပ်ပွဲသို့တက်ရောက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်က “ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရည်မှန်းချက်ဖြစ်သော တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် တောင်သူများအား မျိုးစေ့ချကိရိယာ(Drum Seeder)၊ ပိုက်ဆံလျှော်မျိုးစေ့နှင့် စပါးမျိုးကောင်းမျိုးသန့်မျိုးစေ့များ ပေးအပ်ခြင်းဖြစ်ကြောင်း၊ တောင်သူများကလည်း ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး စနစ်တကျစိုက်ပျိုးကြရမည်ဖြစ်‌ေကြာင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများအနေဖြင့် ကျေးရွာများအရောက် ကွင်းဆင်း၍ တောင်သူများနှင့်တိုက်ရိုက်ထိတွေ့ကာ စိုက်ပျိုးရေးအသိပညာပေးခြင်းများ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဧရာဝတီပေါ်ဆန်းတစ်ခေတ်ဆန်းစေရေး၊ အနံ့ အရသာနှင့်ပြည့်စုံပြီး အရည်အသွေးကောင်းမွန်သည့် ပေါ်ဆန်းများဖြစ်စေရေး၊ မိမိတို့ဒေသနှင့်ကိုက်ညီသည့် ပေါ်ဆန်းစပါးမျိုးများကို တိုးချဲ့စိုက်သွားကြရမည်ဖြစ်‌ေကြာင်း၊ စိုက်ပျိုးရေးသုတေသနလုပ်ငန်းများကိုလည်း  စဉ်ဆက်မပြတ်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ တာဝန်ရှိသူများအေနဖြင့် တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စေတနာထားဆောင်ရွက်ပေးကြစေလိုကြောင်း"  မှာကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက “ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မိမိတို့တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်စေရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိစေရေးအတွက်မျိုးကောင်းမျိုးသန့် မျိုးစေ့များနှင့် စိုက်ပျိုးရေးသုံးကိရိယာများ ပံ့ပိုးပေးအပ်လျက်ရှိကြောင်း၊ ယခုနှစ်တွင် တိုင်းေဒသကြီးအတွင်း ချောင်းကော၊ မြောင်းကောများတူးဖော်ခြင်း၊ ရေတံခါးများဆောင်ရွက်ခြင်း၊ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးနှင့် စိုက်ပျိုးရေ လုံလောက်စွာရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စားသံုးဆီဆီဖူလုံမှုရှိစေရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ် အစရှိသည့် ဆီထွက်သီးနှံများကိုလည်း သီးထပ်စိုက်ပျိုးလျှက်ရှိပါကြောင်း၊ မြောင်းမြခရိုင်သည် စိုက်ပျိုးမွေးမြူရေး စံပြခရိုင်တစ်ခုဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုး သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ သီးထပ်စွမ်းအား သီးနှံစိုက်စွမ်းအားများ ပိုမိုတိုးတက်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုး‌ရေးသုတေသနဦးစီးဌာန၊ စိုက်တိုးမြှင့်အဖွဲ့များ၊ သွင်းအားစုအဖွဲ့များ၊ တောင်သူကြီးများ စသည့် supply chain တစ်ခုလုံးတွင် ပါဝင်ပတ်သက်သူများအားလုံး  ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း"  ပြောကြားကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က မြောင်းမြမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ တောင်သူများအား  ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် အောင်နိုင်တိုး၊ ရေဆင်းပေါ်ဆန်း၂ စပါးမျိုးများ၊ ပိုက်ဆံလျှော်မျိုးစေ့နှင့်စပါးမျိုးစေ့ချကိရိယာ(Drum Seeder)များ ပေးအပ်ခဲ့သည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဝါးခယ်မမြို့နယ်၊ ကံကွင်းကျေးရွာအုပ်စုသို့သွားရောက်၍ မိုးစပါးစိုက်တောင်သူများနှင့်တွေ့ဆုံကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်က“တိုင်းရင်းသားလူမျိုးများအချင်းချင်း စည်းလုံးညီညွတ်စွာ အတူတကွပူးပေါင်းနေထိုင်ကြရမည်ဖြစ်ပါေကြာင်း၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့စရိုက်များ များစွာရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် တည်ငြိမ်အေးချမ်းမှုရှိသည့် တိုင်းဒေသကြီးဖြစ်ပြီး ဒေသတွင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများအားလုံး အတူတကွပူးပေါင်း၍ ဆက်လက်ထိန်းသိမ်းသွားကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အေးချမ်းလုံခြုံစွာ နေထိုင်နိုင်ပြီး မိမိတို့၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စိတ်အေးချမ်းသာစွာ လုပ်ဆောင်နိုင်သည်မှာ တည်ငြိမ်အေးချမ်းမှုရှိသည့်အတွက်ကြောင့် ဖြစ်ပါကြောင်း၊ တောင်သူကြီးများအနေဖြင့် မိမိတို့၏ သားသမီးများအား ပညာကို ဆုံးခန်းတိုင်အောင် တက်ရောင်သင်ကြားနိုင်‌ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးကြရန်နှင့် လူငယ်များ လမ်းမှားမရောက်အောင် ဆုံးမသွန်သင်ပေးရန်လိုအပ်ကြောင်း၊ မိမိတို့၏ လူမျိုးဂုဏ်ကို မိမိတို့ကိုယ်တိုင်မြှင့်တင်ကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က " ယခုနှစ်သည် ဧရာဝတီတိုင်းဒေသကြီး၏ စိုက်ပျိုးသီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရမည့်နှစ်ဖြစ်ပါကြောင်း၊ တောင် သူကြီးများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအပြင် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးပွားစေရေးအတွက် တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများကိုပါ တွဲဖက်လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး၊ စဉ်ဆက်မပြတ် အတန်းစဉ်ကူးပြောင်းမှုရှိစေရေးအတွက်  ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ရပ်ရွာဒေသ တည်ငြိမ်အေးချမ်းလုံခြုံရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ”ပြောကြားကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ တောင်သူများအား  ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် အောင်နိုင်တိုး စပါးမျိုးများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ဖျာပုံတမံကျေးရွာရှိ စိန်ရတနာဖြိုး ဥစားဘဲမွေးမြူရေးခြံသို့သွားရောက်၍ ဥစားဘဲမွေးမြူရေးခြံတွင် ဘဲကောင်ရေ (၂၀၀၀)မွေးမြူထားရှိမှုအားကြည့်ရှုအားပေးခဲ့ပြီး ဘဲခြံပိုင်ရှင်က စတင်မွေးမြူမှု၊ မွေးမြူသည့်နည်းစနစ်၊ အစာကျွေးမွေးမှု၊ ပျမ်းမျှဥနှုန်း၊ တစ်နှစ်ဥထုတ်လုပ်မှု၊ ဈေးကွက်အတွင်း တင်ပို့ရောင်းချမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဘဲကောင်ရေတိုးချဲ့မွေးမြူနိုင်ရေး၊ ဈေးကွက်အတွင်း ပိုမိုဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် သင့်တင့်မျှတသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများ၏ လက်ဝယ်အရောက်ဖြန့်ဖြူးရောင်းချပေးနိုင်ရေး မှာကြားခဲ့ပြီး မွေးမြူရေးခြံဖျန်းပိုးသတ်ဆေးများ ပေးအပ်ခဲ့ပါသည်။

16-May-2025
2025 Ayeyarwady Division