ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ သိလ္လာဂါတ်စုကျေးရွာရှိရာဘာခြံနှင့်ကော်ဖီသီးညှပ်စိုက်ပျိုးထားမှုကြည့်ရှုစစ်ဆေး

ပုသိမ်   မေ   ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက မြောင်းမြမြို့နယ်၊  သိလ္လာဂါတ်စုကျေးရွာရှိ တောင်သူဦးသန့်ဇင်၏ ရာဘာခြံနှင့် ကော်ဖီ သီးညှပ်စိုက်ပျိုးထားရှိမှုများကို သွားရောက် ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ရာဘာ ကုန်ကြမ်း ထုတ်လုပ်မှု အဆင့်ဆင့်အား ကြည့်ရှုစစ်ဆေးခဲ့ရာ ရာဘာခြံပိုင်ရှင်က ရာဘာပင်များကို ရာဘာအစေးများ ခြစ်ယူမှု၊ နှစ်အလိုက်ရာဘာထွက်ရှိမှု၊ ရာဘာပြားများထုတ်လုပ်မှု၊ ရောင်းချမှုအခြေအနေများ ရှင်လင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ဧကများအပြည့်အဝ စိုက်ပျိုးနိုင်ရေး၊ ဖြစ်ထွန်း အောင်မြင်အောင်စိုက်ပျိုးရေး၊ ကုန်ကြမ်းအရည်အသွေးများပြည့်မီစေရေး၊  ကုန်ကြမ်းများမှ ကုန်ချော ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်စေရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး မှာကြားခဲ့ပြီး ရာဘာစေးများအား ခဲကန်အတွင်းထည့်သွင်းခြင်း၊ ခဲကန်အတွင်းရှိ ရာဘာအပြားများအားကြိတ်ခြင်း၊ ရေစစ်ခြင်း၊ နေလှမ်းခြင်း၊ မှိုင်းခံခြင်း စသည့်ကုန်ကြမ်းထုတ်လုပ်မှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ရာဘာခြံအတွင်း ရာဘာစိုက်ဧက (၄၈)ဧကနှင့် ရိုဘတ်စတာ(TR-4)ကော်ဖီသီးညှပ်စိုက်ဧက (၅)ဧက စိုက်ပျိုး ထားရှိမှုအခြေအနေများ ကြည့်ရှုခဲ့ရာ ခြံပိုင်ရှင်မှ  ကော်ဖီပင်များကို စတင်စိုက်ပျိုးခဲ့မှုအခြေအနေများ၊ ကော်ဖီပင်များအား စနစ်တကျရေပေးမှုအခြေအနေများ၊ ရာဘာပင် ပေ၂၀ ကြားတွင် ၁၀ ပေခြား၍ ကော်ဖီပင်များ သီးညှပ်စိုက်ပျိုး၍ အစိုဓာတ်ထိန်းသိမ်းခြင်း  ဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ကော်ဖီ စိုက်ပျိုးရေး လုပ်ငန်းများရေရှည် တိုးတက်စိုက်ပျိုးနိုင်ရန်အတွက် ပညာရှင်များ၊ လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဖြစ်ထွန်းအောင်မြင်အောင်စိုက်ပျိုးနိုင်ရေး၊ နှစ်ရှည်ပင်များအတွင်း သီးညှပ်စိုက်ပျိုးနိုင်ရေး၊ ကော်ဖီစိုက်ပျိုးရာတွင် ပိုမိုဖြစ်ထွန်းနိုင်သည့်  မြေအမျိုးအစား၊ ရာသီဥတု ကိုက်ညီသည့်နေရာများတွင် ရွေးချယ်စိုက်ပျိုးနိုင်ရေး မှာကြားခဲ့သည်။

ထို့နောက် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က "တိုင်းရင်းသားလူမျိုးများအချင်းချင်း စည်းလုံးညီညွတ်စွာနေထိုင်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသားလူမျိုးများအနေဖြင့် မိမိတို့၏ သားသမီးများအား ပညာကို ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ရေး ပံ့ပိုးပေးကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှလည်း ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေး ပံ့ပိုးပေးလျက်ရှိကြောင်း၊ လူငယ်များလမ်းမှားမရောက်အောင် မိဘများအနေဖြင့် သွန်သင်ဆုံးမပေးကြရမည်ဖြစ်ကြောင်း" အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က "တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လာမည့်ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းဖွင့်ရက်ကာလ မရောက်မီ စာသင်ခန်းများ၊ ကျောင်းများ၊ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့် လမ်းပန်းဆက်သွယ်ရေး၊ ကျေးရွာမီလင်းရေး၊ သောက်သုံးရေရရှိရေးအစရှိသည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ကော်ဖီစိုက်ဧကများ ပိုမိုတိုးတက်စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းများကို သက်ဆိုင်ရာ စိုက်ပျိုးရေးပညာရှင်များနှင့်ပေါင်းစပ်စိုက်ပျိုး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း" ပြောကြားခဲ့သည်။ ထို့နောက် ဒေသခံပြည်သူများ၏ တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

16-May-2025
2025 Ayeyarwady Division