ပန်းတနော် မေ ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ပန်းတနော်မြို့နယ်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့မှထောက်ပံ့သည့် ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁၂နာရီအချိန်က ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမကျင်းပ ပြုလုပ်ခဲ့သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပန်းတနော်မြို့နယ်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ပေးအပ်ငွေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်တို့က တစ်ဦးလျှင် ငွေကျပ် (၄၀,၀၀၀) နှင့် ဆန်တစ်ပြည်နှုန်းဖြင့်ထောက်ပံ့ပေးခဲ့ပါကြောင်းနှင့်မြို့နယ်အတွင်းတိုက်ပွဲရှောင်စုစုပေါင်း (၂၇၃) ဦးရှိပါကြောင်းသိရသည်။