ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပုသိမ်           မေ         ၁၄

၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး ကာလကို ရောက်ရှိလာပြီဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံတက်ရောက်နိုင်ရေးအတွက် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာခဲ့ရသည့်ပြည်သူများ၏သားသမီးများအား နီးစပ်ရာမြို့၊ ရွာများတွင် ကျောင်းတက်ရောက်နိုင်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ကျောင်းနေအရွယ်ကလေးတိုင်း ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေးအတွက်လည်း  တာဝန်ရှိသူအားလုံးက ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ ကျောင်းဖွင့်ချိန်အမီ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းဆောင်လိုအပ်ချက်များ မရှိစေရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ ပညာသက်ယူမှု အခွင့်အလမ်းများ ဆုံးရှုံးမှုမရှိစေရေးအတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းဆောင်ရွက်ရန်လိုပါကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးပညာရေးမှူး၊ ခရိုင်ပညာရေးမှူးများနှင့် မြို့နယ်ပညာရေးမှူး များက ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မြေစိုက်ပိုစတာ စိုက်ထူမည့်လုပ်ငန်းများ၊ ကျောင်းအပ်နှံရေးသီတင်းပတ်နှင့် ကျောင်းဖွင့်လှစ်မည့်ရက်ကာလအပိုင်းအခြား၊  စာသင်ဆောင်၊ စာသင်ခန်းများနှင့် ကျောင်းဉပဓိရုပ်ကောင်းမွန်ရေး၊ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်သွားမည့်အခြေအနေများ၊ ကျောင်းဆောင်မလုံလောက်ပါက ယာယီကျောင်းဆောင် ဆောက်လုပ်ဆောင်ရွက်သွားမည့်အခြေအနေများ၊ သင်ကြားရေးအထောက်အကူပြုပစ္စည်းများနှင့် ကျောင်းဝတ်စုံများ မြို့နယ်များအလိုက် ဖြန့်ဝေပြီးစီးမှုအခြေအနေများ၊ ကျောင်းအရေအတွက်နှင့်  လျာထားကျောင်းသားအင်အားစာရင်းတို့အား ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က  ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

14-May-2025
2025 Ayeyarwady Division