ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ်ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံအသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဧပြီ ၂၆

ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ပရိတ်သတ်များက ဗိုလ်လုပွဲစဉ်အဖြစ် အမျိုးသား၊ အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား မီတာ ၁၅၀၀ အပြေးပြိုင်ပွဲနှင့် အမျိုးသား၊ အမျိုးသမီး လက်ဆင့်ကမ်း မီတာ (၄×၁၀၀) ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အမျိုးသား၊ အမျိုးသမီးအလျားခုန်၊ သုံးဆင့်ခုန်၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်၊ မီတာ ၁၀၀၊ မီတာ၂၀၀၊ မီတာ ၄၀၀၊ မီတာ ၈၀၀၊ မီတာ ၁၅၀၀၊ မီတာ ၅၀၀၀ အပြေးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အားကစားသမားများအား ဆုတံဆိပ်နှင့်ငွေသားဆုများကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက အမျိုးသမီး မီတာ(၄×၁၀၀)၊ မီတာ(၄×၄၀၀)အပြေးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အားကစားသမားများအား ဆုတံဆိပ်၊ ငွေသားဆုနှင့် ရွှေ(၆)ခု၊ ကြေး(၁)ခုဖြင့် ရမှတ် (၄၂)မှတ်ရရှိသော ကျောင်းကုန်းမြို့နယ်အသင်းအား အမျိုးသမီးတံခွန်စိုက်ဆုဖလားကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသား မီတာ(၄×၁၀၀)၊ မီတာ(၄×၄၀၀)ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အားကစားသမားများအား ဆုတံဆိပ်များနှင့် ငွေသားဆုများကိုလည်း‌ကောင်း၊ ရွှေ(၂)ခု၊ ငွေ(၃)ခု ကြေး(၄)ခုဖြင့် ရမှတ်(၄၄)မှတ်ရရှိသော ပန်းတနော်မြို့နယ်အသင်းအား အမျိုးသားတံခွန်စိုက်ဆုဖလားနှင့် ရွှေ(၆)ခု၊ ကြေး(၁)ခု ဖြင့် ရမှတ်(၄၈)မှတ်ရရှိသော ကျောင်းကုန်းမြို့နယ်အသင်းအား အမျိုးသား၊ အမျိုးသမီး စုပေါင်းတံခွန်စိုက်ဆုဖလားကိုလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

26-Apr-2025
2025 Ayeyarwady Division