ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ အမျိုးသမီးအိမ်တွင်းမှု အသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် (ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်သင်တန်း၊ အစားအစာနှင့် အဖျော်ယမကာသင်တန်း) အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ၊ အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲနှင့် အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ် (၇)၊ အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် (၆)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၅.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ပုသိမ်မြို့၊ အမျိုးသမီးအိမ်တွင်းမှု အသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် (ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်သင်တန်း၊ အစားအစာနှင့် အဖျော်ယမကာသင်တန်း) အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ၊ အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲနှင့် အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ် (၇)၊ အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် (၆)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းဌေးဦးမှ သင်တန်းဖွင့်လှစ်ပေးမှုအစီအစဉ်နှင့် သင်တန်းအတွက် ထောက်ပံ့ပေးနိုင်မှု အခြေအနေများအား ရှင်းလင်းပြောကြားကာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

05-Jun-2018
2025 Ayeyarwady Division