ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီဒေသကြီးတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော်အကြတ်နေ့အား ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက်ကျင်းပ

ပုသိမ် ဧပြီ ၁၅

၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အကြတ်‌နေ့ကို ပုသိမ်မြို့ ကမ်းနားလမ်း ရှုခင်းသာရင်ပြင်တွင် ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက်ကျင်းပပြုလုပ်ရာ ယနေ့နံနက်တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၄င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်၄င်းတို့၏ ဇနီးများသည် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကို ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် အမွှေးနံ့သာ အတာရေများပက်ဖျန်းခဲ့ကြကာ ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်အတူ အေးချမ်းစွာ ရေကစားခဲ့ကြပြီး စတုဒိသာမဏ္ဍပ်တွင် ပေါင်မုန့်အုံးနို့စမ်း၊ သာကူပြင် စတုဒိသာကျွေးမွေး‌နေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင်လည်း ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် အေးချမ်းစွာ ကျင်းပလျှက်ရှိပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ ဝတ်ရွတ်အဖွဲ့များက ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခြင်း၊ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းများ၊ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ရေကစားခြင်း၊ ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် အတည်ပြုသတ်မှတ်ခြင်းကို ရရှိနိုင်ရေးအတွက် သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ဖော်ညွှန်းသောအားဖြင့် သနပ်ခါးလိမ်းသရုပ်ဖော်မှုများကိုလည်း ဆောင်ရွက်လျက်ရှိသည်။

15-Apr-2025
2025 Ayeyarwady Division