ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက်ကျင်းပ

ပုသိမ် ဧပြီ ၁၃

၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ပုသိမ်မြို့ ကမ်းနားလမ်း ရှုခင်းသာရင်ပြင်၌ ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများသည် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် အမွှေးနံ့သာ အတာရေများပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် အတည်ပြုသတ်မှတ်ခြင်းကို ရရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသော မြန်မာတစ်မျိုးသားလုံးနှင့်သက်ဆိုင်သော အလေ့အထဖြစ်သည့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ဖော်ညွှန်းသောအားဖြင့် သနပ်ခါးလိမ်းသရုပ်ဖော်မှုများအား ကြည့်ရှုအားပေးခဲ့ပြီး စတုဒိသာမဏ္ဍပ်တွင် စတုဒိသာကျွေးမွေး‌နေမှု များကို ကြည့်ရှုအားပေးခဲ့ကြသည်။ ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင်လည်း ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် အေးချမ်းစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ရေကစားခြင်း၊ နှစ်သစ်ကူးတရားပွဲများ၊ သက်ကြီးပူဇော်ပွဲများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းများ ဇီဝိတဒါနငါးလွှတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

13-Apr-2025
2025 Ayeyarwady Division