ပုသိမ် ဧပြီ ၁၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၅-၂၀၂၆ မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိူးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်စိုက်ပျိူးခြင်း အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပုသိမ်မြို့နယ်၊ အမှတ် ၁၅ ရပ်ကွက်၊ ဖိုးရွှေမြကုန်းရှိ တောင်သူ ဦးအေးထွန်းပါ ၅ ဦး၏ စိုက်ဧက ၃၀ ဧကတွင်လည်းကောင်း၊ အိမ်မဲမြို့နယ်၊ ပါရမီဒေါင့်ကျေးရွာရှိ တောင်သူ ဦးထွန်းထွန်းလွင်၏ မိုးစပါးစိုက်ဧက (၇.၂) ဧကတွင်လည်းကောင်း၊ ကန်ကြီးထောင့်မြို့နယ် အညာတန်းကျေးရွာရှိ တောင်သူ ဦးမြင့်သန်း၏ မိုးစပါးစိုက်ဧက(၅)ဧကတွင် လည်းကောင်း ၂၀၂၅-၂၀၂၆ မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်း မြေသြဇာ(ပိုက်ဆံလျှော်) မျိူးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်စိုက်ပျိူးခြင်း အခမ်းအနားများသို့ တက်ရောက်ခဲ့ပြီး တောင်သူများအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့များ ပေးအပ်ခဲ့ကာ ခရိုင်၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ တောင်သူများနှင့်အတူ သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်မျိုးစေ့များ စုပေါင်းကြဲပက်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်သူများနှင့် တွေ့ဆုံ၍ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ ဒေသရေမြေနှင့်ကိုက်ညီသည့် အထွက်တိုး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ေရး၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတော်မိုးတော်စိုက်ဧကများတွင် မိုးစပါးမစိုက်ပျိုးမီ ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးနိုင်ရေး၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မြေခံစိုက်ပျိုးခြင်းဖြင့် မြေဆီသြဇာပိုမိုကောင်းမွန်စေပြီး သွင်းအားစုဓာတ်မြေသြဇာများလျော့ချသုံးစွဲနိုင်မည်ဖြစ်ကာ ကုန်ကျစရိတ် သက်သာပြီး အထွက်နှုန်းပိုမိုတိုးတက်လာနိုင်မည့်အခြေအနေများ၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများ အချိုးကျ ထည့်သွင်းဆောင်ရွက်နိုင်ရေး၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများနှင့် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။