ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လပွတ္တာခရိုင် ရွေးမြစ်နှင့်ပြာမလော့မြစ်အကြား ရေငန်တားတာများ တည်ဆောက်ခြင်းစီမံကိန်းနှင့် မြစ်ကြိုးကြီးရေတံခါး (၆ပေ×၆ပေ) ၄ပေါက် တည်ဆောက်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး

ပုသိမ် ဧပြီ ၁၀

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့်အတူ ယနေ့နံနက်ပိုင်းက လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ရွေးမြစ်နှင့် ပြာမလော့မြစ် အကြားတွင် တည်ဆောက်ရေး(၉)၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ရေငန်တားတာများ တည်ဆောက်ခြင်းစီမံကိန်းနှင့် မြစ်ကြိုးကြီးရေတံခါး (၆ပေ×၆ပေ) ၄ပေါက် တည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ရွေးမြစ် နှင့်ပြာမလော့မြစ်အကြား ရေငန်တားတာများ တည်ဆောက်ခြင်းစီမံကိန်းနှင့် မြစ်ကြိုးကြီး ရေတံခါး (၆ပေ×၆ပေ) ၄ပေါက် တည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ရေငန်တားတာများ တည်ဆောက်ခြင်းလုပ်ငန်းစီမံကိန်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ကျွန်းအပိုင်း(၄) ရေငန်တားတာတည်ဆောက်ခြင်း လုပ်ငန်း ထိပ်ဝအကျယ် ၁၂ ပေ၊ အလျားမိုင် ၂၅ မိုင်နှင့် ရေငန်ကာကွယ်ဧက ၈၀၀၀ ဧကကို အကျိုးပြုမည့် အခြေအနေများ၊ ရေငန်တားတာ တည်ဆောက်ခြင်းစီမံကိန်းလုပ်ငန်းများအား အပိုင်း(၉) ပိုင်းဖြင့် နှစ်အလိုက်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ရေငန်တားတာအပိုင်း(၄)တွင် ရေတံခါးတစ်ခု ထပ်မံဆောင်ရွက်ပြီးစီးပါက နွေစပါးစိုက်ဧက (၇၇၀၀)ထပ်တိုးဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရေငန်တားတာ အပိုင်း(၉)ပိုင်း အားလုံးဆောင်ရွက်ပြီးစီးပါက ရေငန်ကာကွယ် ဧက (၄၅၀၀၀) အား အကျိုးပြုမည်ဖြစ်ပြီး နွေစပါးစိုက်ဧက(၁၁၇၀၀) ထပ်တိုးဆောင်နိုင်မည့် အခြေအနေများ၊ မိုးရာသီတွင်ကျွန်းပတ်တာ အတွင်းရှိ Borrow မြောင်းများနှင့် သဘာဝချောင်း၊ မြောင်းများ၌ရေချိုသိုလှောင်ပြီး မိုးစပါးအောင်ရေလုံလောက်စွာ ဖြည့်တင်းပေးနိုင်မည့်အခြေ အနေများ၊ မိုးနှောင်းကာလတွင် အဆိုပါ Borrow မြောင်းများနှင့် သဘာဝချောင်းမြောင်းများ အတွင်း ကျန်ရှိသော ရေချိုများဖြင့် နွေစပါးနှင့်အခြားသီးနှံများ ရေချိုရရှိ၍ တစ်သီးစိုက်မှ နှစ်သီးစိုက်ပျိုးနိုင်မည့်အခြေအနေများ၊ ရေငန်တားတာ/တမံများကို ကျေးရွာချင်းဆက်လမ်းများ အဖြစ် အသုံးပြုနိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရာသီအမီ လုပ်ငန်းများပြီးစီးစေရေး၊ အရည်အသွေးပြည့်မီရေးနှင့် တောင်သူများအား ရေငန်တားတာများ တည်ဆောက်ပြီးစီးပြီဖြစ်ပါသဖြင့် စိုက်ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စနစ်ကျလယ်ယာမြေများ ဖော်ထုတ်စိုက်ပျိုးနိုင်ရေး၊ သီးထပ်စွမ်းအား၊ သီးနှံစိုက်စွမ်းအားများ တိုးတက်စေရေး၊ ဒေသရေမြေနှင့်ကိုက်ညီသည့် အထွက်တိုးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိစေရေး၊ တာဘောင် မြေလွတ်နေရာများတွင် သီးပင်စားပင်များစိုက်ပျိုးကြရန်နှင့် ဝင်ငွေတိုးပွားရေးအတွက် မွေးမြူရေးလုပ်ငန်းများကိုပါ တွဲဖက်ဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး ဒေသခံများ၏ တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ရေတံခါးလုပ်ငန်း ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

10-Apr-2025
2025 Ayeyarwady Division