ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဧပြီ ၉

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးကြီးများ၊ ဌာနဆိုင်ရာများနှင့် ခရိုင်(၈)ခရိုင်မှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်းများ အောင်မြင်စွာအကောင်အထည်ဖော် ဆောက်ရွက်နိုင်ရေးအတွက် တာဝန်ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ နှစ်စဉ်နှစ်တိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တစ်နှစ်တာဆောင်ရွက်ရမည့် လုပ်ငန်းများအား အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းနှင့်သက်ဆိုင်သည့် တာဝန်များ ခေါ်ယူပေးအပ်ခြင်းလည်းဖြစ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းကို အကောင်အထည် ဖော်ရာတွင် အမျိုးသားရေး မျှော်မှန်းချက် ဖြစ်သည့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး”ကို ဦးစားပေးဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီး ဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးလုပ်ငန်းများကိုအခြေခံ၍ တိုင်းဒေသကြီး၏ GDP တိုးတက်စေရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် လယ်ယာကဏ္ဍကြီး ဖွံ့ဖြိုးရေးကို ဦးတည်ဆောင်ရွက်ရင်း စက်မှုကဏ္ဍကြီးနဲ့ ဝန်ဆောင်မှုကဏ္ဍကြီးများ အချိတ်အဆက်မိမိ တိုးတက်ရေးကိုလည်း ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ၂.၄ရာခိုင်နှုန်းမှ ၂.၂ ရာခိုင်နှုန်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ၁.၂ ရာခိုင်နှုန်းမှ ၃.၁ ရာခိုင်နှုန်းရရှိခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှာ ၂.၁ ရာခိုင်နှုန်းမှ ၂.၃ရာခိုင်နှုန်း တိုးတက်မည်ဟုခန့်မှန်းရပါကြောင်း၊ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်တွင် ယခင်နှစ်၏အားနည်းချက်များအားသုံးသပ်ပြီး ရည်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိုးစပါး၊ နွေစပါး ပန်းတိုင်အထွက်နှုန်း ရရှိစေရေး နှစ်အလိုက် တစ်ဧက (၁၀) တင်းနှုန်းတိုးတက်ထွက်ရှိစေရေး ရည်မှန်းချက်များချမှတ် ဆောင်ရွက်ခဲ့ရာ နွေစပါးမှာ ပန်းတိုင်အထွက်နှုန်းရရှိပြီး မိုးစပါးမှာ ပန်းတိုင်အထွက်နှုန်း ရရှိရန် လိုအပ်နေပါသေးကြောင်းနှင့် စိုက်ပျိုးသီးနှံများ သီးနှံစုံပန်းတိုင် အထွက်နှုန်းရောက်စေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ နေကြာ၊ မြေပဲ၊ နှမ်း အပြင် ဆီပဲပုတ်သီးနှံများကိုလည်း ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ဧကပြည့်မီရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သား၊ ငါး မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း နှစ်အလိုက် အထိုက် အလျောက် တိုးတက်အောင်မြင်လာသည်ကိုတွေ့ရှိရပြီး ပိုမိုတိုးတက်မွေးမြူ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဒေသန္တရစီမံကိန်းပါ ရည်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့ တာဝန်ယူထားသည့် ကဏ္ဍများအလိုက် စနစ်တကျ ကြပ်မတ်၍ အလေးထား ဆောင်ရွက်ရန် လိုပါကြောင်း”အမှာစကားများပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများအား တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းတာဝန်များကိုလည်းကောင်း၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများအား သက်ဆိုင်ရာခရိုင်များ၏ ဒေသန္တရစီမံကိန်းတာဝန်များကို လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။

09-Apr-2025
2025 Ayeyarwady Division