ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဇီဝိတဒါန(အဘယဒါန) ဘေးမဲ့ငါးလွှတ်ပွဲ အခမ်းအနားတက်ရောက်

ပုသိမ် ဧပြီ ၈

သတ္တဝါများ ဘေးအန္တရာယ်ကင်းရှင်းပြီး အသက်ရှည်စွာ နေထိုင်ကြစေရန်၊ လူသားများတွင် သတ္တဝါများအပေါ် သနားတတ်သည့် ကရုဏာတရားများ ပိုမိုရှင်သန်လာပြီးနှလုံးသားတွင် စွဲမြဲကျန်ရစ်စေရန်၊ “သဒိတံ ပါကံ ဇနေတိ ” မိမိပြုလုပ်သောကံ၏ တူညီသော အကျိုးကို ပေးနိုင်၏ဟူသောဗုဒ္ဓ၏ ဒေသနာတော်အတိုင်း သတ္တဝါများ အသက်ဘေးမှ ချမ်းသာရာရပြီး အသက်ရှည်စွာ နေနိုင်သလို ယနေ့လူသားများကလည်း အသက်ရှည်အနာကင်းပြီး ကျန်းမာချမ်းသာ နေနိုင်ကြစေရန်နှင့် ရှေးဘိုးဘွားအစဉ်အဆက် ပြုလုပ်လာသည့် ကောင်းမြတ်သော မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို မပျောက်ပျက်ရလေအောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန်ရည်ရွယ်၍ ဇီဝိတဒါန(အဘယဒါန) ဘေးမဲ့ငါးလွှတ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ ငဝန်မြစ်၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာတက်ရောက်၍ ဇီဝိတဒါန(အဘယဒါန) ဘေးမဲ့ငါးလွှတ်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများသည် အခမ်းအနားစတင်သည်နှင့် တစ်ပြိုင်နက် ငါးများကို ငဝန်မြစ်အတွင်းသို့ ဇီဝိတဒါန (အဘယဒါန) ဘေးမဲ့ငါးလွှတ်ခဲ့ကြပြီးနောက် ဌာနဆိုင်ရာများက ငါးများကို ငါးဝန်မြစ်အတွင်းသို့ ဇီဝိတဒါန(အဘယဒါန) ဘေးမဲ့ငါးလွှတ်ခဲ့ကြသည်။ အဆိုပါ ဇီဝိတဒါန (အဘယဒါန) ဘေးမဲ့ငါးလွှတ်ပွဲ အခမ်းအနားတွင် ငါးမြစ်ချင်းအကောင်ရေ သုံးသောင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဇီဝိတဒါန(အဘယဒါန) ဘေးမဲ့လွှတ်ပေးခဲ့ကြသည်။ အလားတူ တိုင်းဒေသကြီးအတွင်းရှိ ပုသိမ်ခရိုင်နှင့် ကျုံပျော်ခရိုင်များရှိမြို့နယ်များတွင်လည်း ဇီဝိတဒါန(အဘယဒါန) ဘေးမဲ့ငါးလွှတ်ပွဲ အခမ်းအနားများပြုလုပ်၍ ဇီဝိတဒါန(အဘယဒါန) ဘေးမဲ့ငါးလွှတ်ခဲ့ကြကြောင်းသိရသည်။

08-Apr-2025
2025 Ayeyarwady Division