ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်ပညာရေးဒီဂရီကောလိပ်တွင် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း Dip.EP(၁/၂၀၂၅)နှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၁၂/၂၀၂၅) သင်တန်းသားသင်တန်းသူများအား ကြိုဆိုပွဲသို့တက်ရောက်

ပုသိမ် ဧပြီ ၄

ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း Dip.EP(၁/၂၀၂၅)နှင့် လုပ်ငန်းခွင် အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၁၂/၂၀၂၅)သင်တန်းသား သသင်တန်းသူများအား ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမတွင် ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က "ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပညာရေးဒီဂရီ ကောလိပ်(၃)ခုတွင် ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း Dip.EP(၁/၂၀၂၅)နှင့် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၁၂/၂၀၂၅) သင်တန်းများကို ဖွင့်လှစ်လျက်ရှိပါကြောင်း၊ ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း Dip.EP သင်တန်းအား လုပ်ငန်းခွင်အတွင်းရှိ ပညာရေးဒီပလိုမာ မရရှိသေးသည့် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာ အရည်အသွေးပိုမိုပြည့်ဝသည့် ဆရာ၊ ဆရာမများ မွေးထုတ်ပေးရန်၊ အခြေခံပညာကျောင်းများတွင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး သင်ကြားရေးစွမ်းရည် မြင့်မားသော မူလတန်းပြ၊ အလယ်တန်းပြ ဆရာ၊ ဆရာမများ ဖြစ်လာစေရေး လေ့ကျင့်သင်ကြား ပေးရန်၊ ဆရာ၊ ဆရာမများ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာရရှိစေရန်နှင့် လုပ်ငန်းခွင် အကြိုမူလတန်းဆရာအတတ်ပညာ သင်တန်း PPTT သင်တန်းအား လုပ်ငန်းခွင်အကြို ဆရာ အတတ်ပညာ အရည်အသွေးမြှင့်တင်ရေးအတွက် ဆရာအတတ်ပညာတက်မြောက်သည့် ဆရာများမွေးထုတ်ရန်၊ သင်ကြားရေးစွမ်းရည်မြင့်မားသော မူလတန်းပြဆရာများ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံ့သားကောင်းများကို ပြုစုပျိုးထောင်ပေး နိုင်ရန်အတွက် ဆရာလုပ်ငန်းတာဝန်များကို တန်ဖိုးထား၍ ဘာသာရပ်ကျွမ်းကျင်ပြီး ဆရာ အတတ်ပညာအရည်အသွေးမြင့်မားသည့် အခြေခံပညာ ဆရာများ လေ့ကျင့်သင်တန်းပေးရန် ရည်ရွယ်၍ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျောင်းနေအရွယ် ကလေးအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းပေါင်း(၇၂၀၀)ကျော် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပြီး အခြေခံပညာကျောင်းဖွင့်လှစ်မှုအများဆုံး၊ ကျောင်းတက်ရောက်မှု အများဆုံးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ သင်တန်းဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကိုသိရှိပြီး ပြီးမြောက်အောင်မြင်အောင် သင်တန်းတက်ရောက်ကြရန်" အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ရာ ပုသိမ်ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက သင်တန်းများဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ ပုသိမ် ပညာရေးဒီဂရီကောလိပ် ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip.EP) အမှတ်စဉ် (၁/၂၀၂၅) တွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၄၈၁)ဦးနှင့် လုပ်ငန်းခွင်အကြို၊ မူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၁၂/၂၀၂၅)တွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၉၅၅) ဦးတက်ရောက်လျက်ရှိပါသည်။

04-Apr-2025
2025 Ayeyarwady Division