ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လပွတ္တာမြို့နယ်အတွင်း ပေါ်ဆန်းစပါးစိုက်တောင်သူများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ပေါ်ဆန်းတင်ပို့ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်သည်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်

ပုသိမ် ဧပြီ ၃

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့၊ နေသူရိန်အားကစားကွင်းတွင် လပွတ္တာမြို့နယ်အတွင်း အရည်အသွေးကောင်းမွန်ပြီး အထွက်ကောင်းသော ပေါ်ဆန်းထွက်ပေါ် လာစေရေးအတွက် ပေါ်ဆန်းစပါးစိုက်ပျိုးသောတောင်သူလယ်သမားများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ပေါ်ဆန်းတင်ပို့ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်သည်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ခင်းကျင်းပြသထားသည့် လပွတ္တာခရိုင်အတွင်းရှိ စပါးစိုက်ခင်းများနှင့် စက်မှုစနစ်တကျလယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းများ၊ MSME ပြခန်းများဖြစ်သည့် လပွတ္တာမြို့နယ်အတွင်းမှ ထွက်ရှိသော ဒေသထုတ်ကုန်ပစ္စည်းများ၊ နေလှန်းဆား ထုတ်လုပ်မှုလုပ်ငန်း၊ လပွတ္တာမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ တောင်သူများစိုက်ပျိုး ထုတ်လုပ်သည့် ပေါ်ဆန်းစပါးများ၊ ပေါ်ဆန်းဆန်များ ပြသပြိုင်ပွဲဝင်ခြင်းနှင့် ဆန်စက်လုပ်ငန်းရှင်များက ကြိတ်ခွဲရောင်းချသည့် ပေါ်ဆန်းဆန်များ ပြသရောင်းချပွဲများအား ကြည့်ရှုအားပေးခဲ့ပြီး ပေါ်ဆန်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသော လပွတ္တာမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်တို့မှ တောင်သူ(၁၆)ဦး၏ ဒေသထွက် ဧရာဝတီပေါ်ဆန်းမျိုးများဖြစ်သည့် ပေါ်ဆန်းမွှေး၊ ပေါ်ဆန်းရင်၊ ပေါ်ဆန်းကြီး၊ ပေါ်ဆန်း ဘေးကြားအစရှိသည့် ပေါ်ဆန်းစပါး၊ ပေါ်ဆန်းဆန်၊ ပေါ်ဆန်းထမင်းများအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် လပွတ္တာခရိုင်အတွင်းရှိ ဆရာတော်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စေတနာရှင်၊ အလှူရှင်များက အလှူငွေနှင့်ပစ္စည်းတန်ဖိုး စုစုပေါင်း (၇၇၉၅၅၀၀၀)(ခုနှစ်ရာခုနှစ်ဆယ့်ကိုးသိန်းငါးသောင်း ငါးထောင်)ကျပ် အား တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက လက်ခံရယူခဲ့သည်။

ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က " ယခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တောင်သူလယ်သမားနေ့ ဆွေးနွေးပွဲနှင့် ပေါ်စမ်းဖိုရမ် ၂၀၂၅ မှ ဆွေးနွေးပွဲရလဒ်များများစွာ ပေါ်ထွက်ခဲ့ပါကြောင်း၊ လပွတ္တာခရိုင်အနေဖြင့် ယင်းဆွေးနွေးပွဲရလဒ် များအပေါ် အကျိုးရှိစွာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ တောင်သူများ အနေဖြင့် ပေါ်ဆန်းစပါးစိုက်ပျိုးရာတွင် လိုအပ်သည့်နည်းပညာနှင့် မျိုးကောင်းမျိုးသန့်များကို သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ စိုက်ပျိုးရေးပညာရှင်များနှင့် ဆွေးနွေးကြရန် လိုအပ်ပါကြောင်း၊ ပေါ်ဆန်းစပါးမျိုး၏ မူရင်းဌာနေသည် ဧရာဝတီတိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ဧရာဝတီပေါ်ဆန်း တစ်ခေတ်ဆန်းပြီး အနံ့၊ အရသာနှင့် အရည်အသွေးကောင်းမွန်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ပေါ်ဆန်းဖိုရမ်ကို အခြေခံပြီး အရည်အသွေးပြည့်မီသော ဒေသထွက်ပေါ်ဆန်းဆန်များထွက်ရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း ဘက်ပေါင်းစုံမှ ကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း လပွတ္တာခရိုင်သည် ပေါ်ဆန်း စပါးစိုက် ဧကများပြားပါကြောင်း၊ ပေါ်ဆန်းစပါးအပြင် တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှုရှိရေး အတွက် ဆီထွက်သီးနှံများကိုလည်း သီးထပ်စိုက်ပျိုးနည်းဖြင့် တိုးချဲ့စိုက်ပျိုးကြရမည် ဖြစ်ပါကြောင်း”အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ပေါ်ဆန်းဖိုရမ် ၂၀၂၅ ရလဒ်များအားလည်းကောင်း၊ လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ၂၀၂၄-၂၀၂၅ ခုနှစ် ပေါ်ဆန်းစပါး စိုက်ပျိုးဆောင်ရွက် ထားရှိမှုများကိုလည်းကောင်း ရှင်းလင်း တင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုမှာကြားခဲ့သည်။ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်း အရည်အသွေးကောင်းမွန်ပြီး အထွက်ကောင်းသော ပေါ်ဆန်းထွက်ပေါ်လာစေရေးအတွက် ပေါ်ဆန်းစပါးစိုက်တောင်သူများ၊ တန်ဖိုးကွင်းဆက် တစ်လျှောက် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပြီး တောင်သူများ ပေါ်ဆန်းစပါးကို တွင်ကျယ်စွာ စိုက်ပျိုးကြရန်နှင့် လိုအပ်သည့်နည်းပညာများ ပြန့်ပွားစေရန် ရည်ရွယ်၍ ဧပြီလ(၃)ရက်နေ့မှ (၄)ရက်နေ့အထိ (၂)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

03-Apr-2025
2025 Ayeyarwady Division