ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြပညာရေးဒီဂရီကောလိပ်တွင် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း PPTT (၁၂/၂၀၂၅)နှင့် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း Dip.EP(၁/၂၀၂၅) ကြိုဆိုပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဧပြီ ၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမတွင် ကျင်းပပြုလုပ်သော လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း PPTT(၁၂/၂၀၂၅)နှင့် ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း Dip.EP (၁/၂၀၂၅) ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က " ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပညာရေးဒီဂရီကောလိပ်(၃)ခုတွင် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း PPTT(၁၂/၂၀၂၅)နှင့် ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း Dip.EP(၁/၂၀၂၅) များကို ဖွင့်လှစ်လျက်ရှိပါကြောင်း၊ နိုင်ငံတော်မှ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အေနဖြင့် လာမည့်ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်စေရေး၊ စဉ်ဆက်မပြတ် အတန်းစဉ်ကူးပြောင်းစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမများသည် အနာဂတ်တွင် နိုင်ငံတော်၏တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့် လူငယ်မောင် မယ်များအား ဗလငါးတန်နှင့် ပြည့်စုံသူများဖြစ်အောင် ပြုစုပျိုးထောင်ပေးရမည့်သူများဖြစ်ပါကြောင်း၊ ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးခြင်းဖြင့် ဒေသအတွက် များစွာအကျိုးရှိမည် ဖြစ်ကြောင်း၊ သင်တန်းဖွင့်လှစ်ပေးရသည့်ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို သိရှိပြီး အောင်မြင်စွာသင်တန်းတက်ရောက်နိုင်ရေး ”အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအတွက် ချီးမြှင့်ငွေများ ပေးအပ်ရာ မြောင်းမြပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။ ထို့နောက် မြောင်းမြခရိုင်ပညာရေးမှူးက ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ငလျှင် ဘေးသင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီးနောက် မြို့နယ်အလိုက်တက်ရောက်လာသည့် ဆရာ၊ ဆရာမများမှ မိတ်ဆက်ခဲ့ကြသည်။ မြောင်းမြပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို၊ မူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၁၂/၂၀၂၅) တွင် သင်တန်းသား၊ သင်တန်းသူ (၄၈၇) ဦး နှင့် ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip.EP) အမှတ်စဉ် (၁/၂၀၂၅) တွင် သင်တန်းသား၊ သင်တန်းသူ (၁၃၂၆)ဦး တက်ရောက်လျက်ရှိပါသည်။

03-Apr-2025
2025 Ayeyarwady Division