ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင် အလှူရှင်များစုပေါင်း၍ ငလျင်ဘေးသင့်ပြည်သူများအတွက် သွားရောက်လှူဒါန်းမည့် စားသောက်ကုန် ပစ္စည်းများအား ကြည့်ရှုစစ်ဆေး

ပုသိမ် ဧပြီ ၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များစုပေါင်း၍ ငလျင်ဘေးသင့်ပြည်သူများအတွက် သွားရောက်လှူဒါန်းမည့် စားသောက်ကုန်ပစ္စည်းများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စားသောက်ကုန် ပစ္စည်းများအား လမ်းခရီးတစ်လျှောက် ထိခိုက်ပျက်စီးမှုမရှိအောင် ဂရုစိုက်ပို့ဆောင်ကြရန်၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရေး ဂရုစိုက်သွားလာရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများ အတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်၊ အလှူရှင်များမှ ငလျင် ဘေးသင့်ပြည်သူများအတွက် ဆန် (၁၀၁၄)အိတ်၊ ငါးခြောက် (၁၀၀၀)ပိဿာ၊ ငါးပိ(၁၀၀၀)ပိဿာ၊ ဆား (၁၀၀၀၀) ပိဿာတို့အား ပုသိမ်မြို့မှ မော်တော်ယာဉ် (၆)စီး၊ ညောင်တုန်းမြို့မှ မော်တော်ယာဉ်(၂)စီး၊ မြောင်းမြမြို့မှ မော်တော်ယာဉ်(၁)စီးနှင့် ဖျာပုံမြို့မှ မော်တော်ယာဉ်(၁)စီး စုစုပေါင်းမော်တော်ယာဉ်(၁၀)စီးတို့မှ ယနေ့နံနက်ပိုင်းတွင် စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။

03-Apr-2025
2025 Ayeyarwady Division