ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်တက္ကသိုလ်ဝန်းအတွင်းတည်ဆောက်မည့် Recreation Center ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားတက်ရောက်

ပုသိမ် မတ် ၃၀

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပုသိမ်တက္ကသိုလ်ဝန်းအတွင်း တည်ဆောက်မည့် Recreation Center သံကူကွန်ကရစ် အဆောက်အဦ တည်ဆောက်ခြင်း အတွက် ရတနာပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါအဆောက် အဦဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တက်ရောက်၍ ရတနာပန္နက်တော်တင်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပန္နက်တော်တင်မည့် သတ်မှတ်နေရာတွင် နေရာယူပြီးနောက် မင်္ဂလာအချိန်ရောက်ရှိသည်နှင့်တပြိုက်နက် အမှတ်(၁)ပန္နက်တော်နေရာတွင် ရတနာပန္နက်တော်အား (၉)ချက်စိုက်ထူပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနအကြီးအကဲများက အမှတ်(၂) ပန္နက်တော်မှစ၍ သက်ဆိုင်ရာ ပန္နက်တော်နေရာများတွင် ရတနာပန္နက်တော်(၉)ချက်စီ အသီးသီးစိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် လာရောက် ကြသည့် ဆရာ၊ ဆရာများအား တွေ့ဆုံအားပေးခဲ့ကာ ဆရာ၊ ဆရာများ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာစစ်ဆေးခြင်းလုပ်ငန်းများ အေးချမ်းစွာ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

30-Mar-2025
2025 Ayeyarwady Division