ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကန်ကြီးထောင့်မြို့နယ်၊ ကုလားကွင်းကျေးရွာ သုတအလင်းစာကြည့်တိုက် အဆောက်အဦအသစ်ဖွင့်ပွဲအခမ်းအနားများသို့တက်ရောက်

ပုသိမ် မတ်လ ၂၇

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကန်ကြီးထောင့်မြို့နယ်၊ ကုလားကွင်းကျေးရွာ သုတအလင်းစာကြည့်တိုက် အဆောက်အဦအသစ်ဖွင့်ပွဲသို့တက်ရောက်၍ စာကြည့်တိုက်အဆောက် အဦအသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းသော စာအုပ်စာစောင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပေးအပ်ရာ ကုလားကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက လက်ခံရယူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စာကြည့်တိုက်ဖြစ်မြောက်ရေးအတွက် လှူဒါန်းပေးကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးက လက်ခံရယူခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများစုပေါင်း၍ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အကအဖွဲ့များအား ဂုဏ်ပြုဆုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စာကြည့်တိုက်အဆောက်အဦအသစ်အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ စာပေဖတ်ရှုလေ့လာနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။

27-Mar-2025
2025 Ayeyarwady Division