ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှစ်(၈၀)ပြည့် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက်၊ ကမ်းနားလမ်း ကွန်ကရစ်ခင်းသစ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ပုသိမ် မတ် ၂၀

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် မင်းပိုင်းရပ်ကွက်၊ ကမ်းနားလမ်းကွန်ကရစ်ခင်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် သယံ ဇာတရေးရာဝန်ကြီးထံသို့ လမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းအား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးကလည်းကောင်း၊ တိုင်းဒေသကြီးစည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူးထံသို့ ဝါးခယ်မမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက လည်းကောင်း ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ သည် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး၍ ကွန်ကရစ်လမ်းသစ်အားကြည့်ရှုစစ်ဆေးခဲ့ကာ ဘင်ခရာအဖွဲ့နှင့် ဖျော်ဖြေရေးအဖွဲ့များကို ဆုချီးမြှင့်ငွများ ပေးအပ်ခဲ့သည်။ ယနေ့ဖွင့်လှစ်သည့် ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက်၊ ကမ်းနားလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းအား ဝါးခယ်မမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေ (၄၇.၆၅)သန်း ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းအရှည် (၄၄၀)ပေ၊ အကျယ် (၃၀)ပေ၊ ထု (၆)လက်မရှိကြောင်း သိရှိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာရှိ တောင်သူဒါ်ရီရီမြင့်၏ Super Sun-41 နေကြာစိုက်ခင်း(၃.၇၅)ဧကအား ကြည့်ရှု အားပေးခဲ့ပြီး ရိတ်သိမ်းချိန်တွင် လေလွင့်မှုမရှိစေရေးနှင့် အထွက်နှုန်းများအား မှတ်တမ်းထားရှိရန် မှာကြားခဲ့သည်။

20-Mar-2025
2025 Ayeyarwady Division