ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဒေါ့ကုန်းကျေးရွာ ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတား(၂)စင်း ဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် မတ်လ ၁၈

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သော နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စုရန်ပုံငွေဖြင့်ဆောင်ရွက်သော မဒေါ့ကုန်းကျေးရွာအုပ်စု၊ မဒေါ့ကုန်းကျေးရွာ ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတား(၂)စင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတား (၂)စင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတား(၂)စင်းတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ သည်။အဆိုပါကုန်ထုတ်လမ်းကို ကျောက်ရောမြေခင်းခြင်း ( ၃၅၀၀'×၁၂'× ၉") ၊ မြေသားလမ်း ခင်းခြင်း (၃၅၀၀'× ၁၄'× ၂") နှင့် ကွန်ကရစ်တံတား(၂)စင်း ( ၂၂'×၁၄'×၁၀")၊ (၁၂'× ၁၄'× ၁၀") တို့အား ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ပုသိမ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လုပ်ငန်းအားလုံးဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါသဖြင့် ကျေးရွာမှ ကုန်ထုတ်စပါးနှင့် အခြားသီးနှံများကိုလွယ်လင့်တကူ သက်တောင့်သက်သာ အချိန်တိုတွင်း ဈေးကွက်သို့အရောက် ပို့ဆောင်ပေးနိုင်တော့မည်ဖြစ်၍ ဒေသခံပြည်သူများ၏ လူမှူစီးပွားဘဝ ပိုမို ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

18-Mar-2025
2025 Ayeyarwady Division