ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်၊ တကုန်းကြီးကျေးရွာ ဝိသုဒ္ဓါရုံကျောင်းတိုက် ဦးစီးပဓာန နာယက "သဒ္ဓမဇောတိကဓဇ" ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တဩသဓ၏ ဂုဏဝိသိဋ္ဌပူဇာဂုဏ်ပြုပူဇော်ပွဲတက်ရောက်၊ ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြု ပူဇော်ပွဲ ”ဂုဏဝိသိဋ္ဌပူဇာ”မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပုသိမ် မတ်လ ၁၇

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားတွင် သဒ္ဓမဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာ ဝိသုဒ္ဓါရုံ ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တဩသဓ၏ ဂုဏဝိသိဋ္ဌပူဇာဂုဏ်ပြုပူဇော်ပွဲအား ယနေ့နံနက်ပိုင်းက တကုန်းကြီးကျေးရွာ ဝိသုဒ္ဓါရုံကျောင်းတိုက်တွင်ကျင်းပ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အလှူဒါယိကာ၊ ဒါယိကာမများ တက်ရောက် ဂုဏ်ပြုပူဇော်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးသည် အကြည်ညိုခံဆရာတော်ကြီးများအား ဖူးမြှော်ကြည်ညိုခဲ့ပြီး သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားခဲ့ကာ ဝိသုဒ္ဓါရုံ ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဩသဓ၏ ဂုဏဝိသိဋ္ဌပူဇာဂုဏ်ပြုပူဇော်ပွဲသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင် ဧရာဝတီတိုင်းဒေသကြီးမှ ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းခဲ့သည့် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြု ပူဇော်ပွဲ "ဂုဏဝိသိဋ္ဌပူဇာ”မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က” ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာ အခမ်းအနားကို မတ်လ ၁၃ ရက်နေ့တွင် ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၂၁)ပါး၊ ပထမပြန်၊ ဓမ္မာစရိယ၊ နိကာယ်စာမေးပွဲတို့တွင် အထူးအောင်သံဃာ( ၂ )ပါးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များ ဆက်ကပ်လှူဒါန်းခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ အဘိဓဇ မဟာရဋ္ဌဂုရု(၁)ပါး၊ အဂ္ဂမဟာပဏ္ဍိတ(၂)ပါး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ (၂)ပါး၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက(၃)ပါး၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ(၆)ပါး၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ (၁)ပါး စုစုပေါင်း (၁၅)ပါးအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ "ဂုဏဝိသိဋ္ဌပူဇာ”မဟာမင်္ဂလာအခမ်း အနားကို မတ်လ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါကြောင်း၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် အမြင့်ဆုံးအဆင့်ရရှိသော ဆရာတော်ကြီးများပါဝင်ပါကြောင်း၊ ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကျင်းပပြီးစီးပါက ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြုလုပ်မည်ဖြစ်ပါကြောင်း၊ ဘွဲ့တံဆိပ် တော်များ ဆက်ကပ်ချီးမြှင့်ပွဲတွင် ကြည်ညိုခံဆရာတော်ကြီးများ ပင့်ဖိတ်ဆောင်ရွက်မှု၊ ဧည့်ပရိသတ်များ ဖိတ်ကြားနေရာချထားမှုနှင့် အခမ်းအနားအစီအစဉ်များ စနစ်တကျရှိစေရေး သက်ဆိုင်ရာကော်မတီများအလိုက် ဆွေးနွေးပေးကြစေလိုကြောင်း၊ အခမ်းအနားကျင်းပ ပြီးစီးပါက ဘွဲ့တံဆိပ် တော်ရ ဆရာတော်ကြီးများ၊ လူပုဂ္ဂိုလ်များအား ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင် ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီးသို့ ဘုရားဖူးပို့ဆောင်မည်ဖြစ်ပြီး ဘုရားဖူး ပို့ဆောင်ရာတွင် ဆရာတော်ကြီးများ လမ်းခရီးသွားလာမှုအဆင်ပြေချောမွေ့စေရေး၊ စေတီသမိုင်းကြောင်းများ ရှင်းလင်း တင်ပြပေးနိုင်ရေးနှင့် စိတ်အေးချမ်းသာစွာ သီတင်းသုံးနေထိုင်နိုင်စေရေး ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း”မှာကြားခဲ့သည်။ ဆက်လက်၍ သံဃာတော်များပင့်ဆောင်ရေးနှင့်ကြိုဆိုနေရာချထားရေး၊ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးသို့ ဘုရားဖူးပို့ဆောင်ရေး၊ အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ ဆွမ်းကွမ်းဝေယျာဝစ္စဆောင်ရွက်ရေး၊ ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်းများ လောင်းလှူရေး၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေးလုပ်ငန်းများအား လုပ်ငန်းကော်မတီများအလိုက် ဆွေးနွေးတင်ပြခဲ့ ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

17-Mar-2025
2025 Ayeyarwady Division