ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကန်ကြီးထောင့်မြို့တွင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတက်ရောက်

ပုသိမ် မတ်လ ၁၅ 

တိုင်ဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး မြို့အင်္ဂါရပ်နှင့်အညီ သပ်ရပ်သာယာ၍ ရပ်ကွက်တွင်းနေပြည်သူများ သွားလာမှုလွယ်ကူစေရန်ရည်ရွယ်၍ ကန်ကြီးထောင့်မြို့၊ အမှတ်(၃)ရပ်ကွက် ဆင်ဖြူရှင်လမ်း ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဆင်ဖြူရှင်လမ်း၊ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များအားပေးအပ်ခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ထို့နောက် လမ်းသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းပုခုံများ စနစ်တကျဆောင်ရွက်စေရေးနှင့် လမ်းရေရှည်တည်တံ့စေရေးအတွက် ပြည်သူများကဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန်မှာကြားခဲ့ပြီး အိုးစည်ဝိုင်းအဖွဲ့နှင့် ပန်းပွားအကအဖွဲ့တို့အား ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။  အဆိုပါ ဆင်ဖြူရှင်လမ်း ကွန်ကရစ်လမ်းသစ်မှာ ကန်ကြီးထောင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်တိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေ (GRF) ဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး
အရှည်(၆၂၀' × ၁၂' x ၆”)ရှိကြောင်းသိရသည်။

ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ပန်းတနော်မြို့၊ အလယ်ပိုင်းရပ်ကွက်၊ အ.ထ.က(၁)အခြေခံပညာအထက်တန်း ကျောင်း အဝင်လမ်း ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လမ်းသစ်ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများထံပေးအပ်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် လမ်းသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး  တိုင်းရင်းသားအကအဖွဲ့နှင့် ဘင်ခရာအကအဖွဲ့တို့အား ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂ဝ၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့်  ဆောင်ရွက်သောလမ်းဖြစ်ပြီးစုစုပေါင်းလမ်းအရှည် ( ၆၃၅' x ၁၂' x ၆’" ) အား (၁၀.၆.၂၀၂၄) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး (၃၁.၁၂.၂၀၂၄) ရက်နေ့တွင် လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

15-Mar-2025
2025 Ayeyarwady Division