ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်မှုကြည့်ရှုအားပေး

ပုသိမ် မတ်လ ၁၅ 

ဧရာဝတီတိုင်း ဒေသကြီး လူငယ်ရေးရာကော်မတီကဦးစီး၍ မတ်လ ၃ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ဘောလုံး၊ ပြေးခုန်ပစ်၊ ရေကူး၊ ကြက်တောင်၊ မြန်မာ့သိုင်း၊ လက်ဝှေ့၊ အေရိုးဗစ်၊ ဝူရှူး၊ စားပွဲတင်တင်းနစ်၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ဘော်လီဘော၊ ရိုးရာခြင်း၊ ခရစ်ကက်၊ ဟော်ကီ၊ စက်ဘီး၊ စစ်တုရင်၊ ဖူဆယ်၊ တင်းနစ်၊ ပိုက်ကျော်ခြင်းစသည့် အားကစားနည်း (၂၀)မျိုးအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက  နွေရာသီအခြေခံ အားကစားသင်တန်းများတွင် ကျောင်းသားကျောင်းသူများ တက်ရောက်လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းတွင် ဖွင့်လှစ်လျက်ရှိသော ပြေးခုန်ပစ်သင်တန်း၊ စားပွဲတင် တင်းနစ်သင်တန်းများတွင် ကျောင်းသားလူငယ်များအား လေ့ကျင့်သင်ကြားပေးနေမှုများ၊  ပုသိမ်မြို့၊ အဆင့်မြင့်ရေကူးကန်တွင် ရေကူးသင်တန်းသားများ လေ့ကျင့်သင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသားလူငယ်များ နွေရာသီ အားလပ်ချိန်တွင် အားကစားလေ့ကျင့်ခန်းများ လေ့ကျင့်ကစားခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော လူငယ်များဖြစ်လာစေရန် လေ့ကျင့်ကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် အားကစားသိပ္ပံကျောင်းကို တည်ဆောက်လျက်ရှိရာ အားကစားဝါသနာပါပြီး ထူးချွန်လိုသူ ကျောင်းသားကျောင်းသူများအနေဖြင့် တက်ရောက်သင်ကြားနိုင်မည်ဖြစ်ကြောင်း၊ အားကစားနည်းများစွာရှိသည့်အနက် မိမိဝါသနာပါသည့်အားကစားနည်းများကို စနစ်တကျလေ့ကျင့်သင်ကြားကြစေလိုကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် မိမိသူငယ်ချင်းများကိုလည်း အားကစားနည်းများတွင် ပါဝင်သင်ကြားလာစေရေး စည်းရုံးဖိတ်ခေါ် ရန်မှာကြားခဲ့ပြီး သင်တန်းသား ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများနှင့် အဟာရဖြည့်စွက်စာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

15-Mar-2025
2025 Ayeyarwady Division