ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ အနားယူ၊ အစားထိုးရွေးချယ်ခြင်း အခမ်းအနားတက်ရောက်

ပုသိမ်    ဖေဖော်ဝါရီ    ၂၂

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ပုသိမ်မြို့ မရမ်းချိုကျောင်းတိုက်တွင် ပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ အနားယူ၊ အစားထိုးရွေးချယ်ခြင်း အခမ်းအနားတက်ရောက်ခဲ့ပြီး အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားမှူးဆရာတော်က အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော တိုင်းဒေသကြီး/ပြည်နယ်သံဃာ့ဝန်ဆောင်များ၏ အရေအတွက်ကို ဖတ်ကြား လျှောက်ထားပြီး အစည်းအဝေးထမြောက်အောင်မြင်ကြောင်း ကြေညာကာ အစည်းအဝေး သဘာပတိဆရာတော်က အဖွင့်ဩဝါဒကထာ မြွက်ကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများကို လျှောက်ထား၍ ကြီးကြပ်ရေးဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး အနားယူခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အရ အနားယူသော ဆရာတော်၏ ဘွဲ့အမည်စာရင်းကို ကြေညာခြင်း၊ ပြန်လည်ရွေးချယ်နိုင်ရန်အတွက် မူလသတ်မှတ်ထားသည့် သက်ဆိုင်ရာနယ်မြေအလိုက် အမည်စာရင်းတင်သွင်းမည့် အဆိုရှင် တိုင်းဒေသကြီး/ပြည်နယ်သံဃာ့ ဝန်ဆောင်ဆရာတော်ကို ဖိတ်ခေါ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ပြန်လည်ရွေးချယ်ခံရသည့် တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကဆရာတော် ဘွဲ့အမည်စာရင်းကို တိုင်းဒေသကြီး/ပြည်နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးသို့ တင်သွင်းပြီး သာဓု(၃)ကြိမ် ခေါ်၍ အတည်ပြုကာ သဘာပတိဆရာတော်က နိဂုံးချုပ်ဩဝါဒကထာ မြွက်ကြားပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် အခမ်းအနားသို့  ကြွရောက်လာသော ဆရာတော်သံဃာတော်များအား နေ့လည်ဆွမ်းဖြင့် ဆက်ကပ်လှူဒါန်းခဲ့သည်။

22-Feb-2025
2025 Ayeyarwady Division