ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယဝိနယဓမ္မ စာဖြေ၊ စာပြန်ပွဲတော်သို့ ကြွရောက်တော်မူလာကြသည့် ကျောင်းတိုက်အသီးသီးမှ စာဖြေ၊ စာပြန်သံဃာတော် အရှင်သူမြတ် များအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်း

ပုသိမ်           ဇန်နဝါရီ          ၂၆

(၃၈)ကြိမ်မြောက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ဝိနယဓမ္မ စာဖြေ၊ စာပြန်ပွဲတော်ကို ပုသိမ်မြို့၊ မြောင်းမြကျောင်းတိုက်တွင်  ယခုလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပလျက်ရှိရာ စာဖြေ၊ စာပြန်ပွဲတော်သို့ ကြွရောက်တော်မူလာကြသည့် ကျောင်းတိုက်အသီးသီးမှ သံဃာတော် အရှင်သူမြတ်များသည် စာဖြေ၊ စာပြန်ပွဲတော် ပြုလုပ်နေစဉ်အတွင်း ပုသိမ်မြို့တွင်းရှိ ရပ်ကွက်များတွင် ယနေ့နံနက်ပိုင်းက ဆွမ်းဆန်စိမ်းအလှူ ခံယူတော်မူကြရာ စေတနာရှင် အလှူရှင်များက ကြည်ညိုသဒ္ဒါတရားထက်သန်စွာဖြင့် ဆွမ်းဆန်တော်များ၊ လှူဖွယ်ပစ္စည်းများလောင်းလှူခြင်းနှင့် ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။  

အဆိုပါ စာဖြေ၊ စာပြန်ပွဲတော်သို့ကြွရောက်တော်မူလာကြသည့် ကျောင်းတိုက်အသီးသီးမှ စာဖြေ၊ စာပြန် သံဃာတော် အရှင်သူမြတ်များအား ဆက်ကပ်လှုဒါန်းနိုင်ရန်အတွက် ဆွမ်းနှင့် ဆွမ်းဟင်းများ ချက်ပြုတ်ပြင်ဆင်ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ၏ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များက မြောင်းမြကျောင်းတိုက်အတွင်းရှိ သံဃာတော်အရှင်သူမြတ်များ နှင့် စာဖြေ၊ စာပြန်ပွဲတော်သို့ ကျောင်းတိုက်အသီးသီးမှ ကြွရောက်တော်မူလာ ကြသည့် သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဧည့်ပရိသတ်အား ဧည့်ခံကျွေးမွေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် နေ့လယ်ပိုင်းတွင် သံဃာတော်အရှင်သူမြတ်များမှ ကြီးကြပ်ရေးဆရာတော်ကြီးများထံ စာဖြေစာပြန်ခြင်း၊ ရေးဖြေနှင့် အာဂုံပြန်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ (၃၈)ကြိမ်မြောက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ဝိနယဓမ္မ စာဖြေ၊ စာပြန်ပွဲတော်အား ယခုလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ သံဃာတော် (၂၇၆)ပါးတို့မှ  ရေးဖြေနှင့် အာဂုံပြန်မည်ဖြစ်ပြီး စာဖြေ၊ စာပြန်ပွဲတော် ပြုလုပ်နေစဉ်အတွင်း မြောင်းမြကျောင်းတိုက်တွင် အရှင်သုနန္ဒ(ဓမ္မရံသီဆရာတော်)၊ မနာပဒါယီ အရှင်ဝိစိတ္တ (ကိုရီးယားဆရာတော်)၊ ဘဒ္ဒန္တပညာဝရ(မဟော်သဓာ ကိုယ်ပိုင်ကျောင်းဆရာတော်)၊  ဒေါက်တာ ဘဒ္ဒန္တကောဝိဒ (မဇ္ဇျိမဂုဏ်ရည်ဆရာတော်)၊ ဒေါက်တာ အရှင်ဣန္ဒာစရိယ(သီတဂူဆရာတော်) တို့မှ ညစဉ်တရားအလှူ ပေးလှူလျက်ရှိကြောင်း သိရသည်။

26-Jan-2025
2025 Ayeyarwady Division