ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ ကုမ္ပဏီ၏လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေး

ပုသိမ်          ဒီဇင်ဘာ         ၉

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့ညနေပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍  ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား ကုမ္ပဏီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဇီဝမြေဩဇာများထုတ်လုပ်ရန်အတွက် အဏုဇီဝပိုးများမွေးမြူခြင်း၊ အဏုဇီဝပိုးကောင်ရေပါဝင်မှုပမာဏစစ်ဆေးခြင်းတို့ကို  Microbiology laboratory တွင် လုပ်ဆောင်နေမှုများကိုလည်းကောင်း၊ ကုမ္ပဏီဝန်ထမ်းများအား ICT သင်တန်းဖွင့်လှစ်ပို့ချနေမှုများကိုလည်းကောင်း၊ ငါးမွေးမြူရေးကန်များတွင် ငါးဖမ်းဆီးနေမှုများ၊ Circular Tank များတည်ဆောက်ထားရှိမှုများ၊ တည်ဆောက်ပြီးသော circular tank များတွင် ငါးများစမ်းသပ်မွေးမြူနေမှုများ၊ နေကြာစိုက်ခင်း၊ မြေပဲစိုက်ခင်း စမ်းသပ်စိုက်ပျိုးထားရှိမှုများ၊ Biochar အသုံးပြု၍ micro compound fertilizer စမ်းသပ်ထုတ်လုပ်နေမှုများ၊ စပါးခွံလောင်စာသုံး gasifier နှင့် gas engine စနစ်ဖြင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံတွင် စပါးခွံများချနေခြင်း၊ လျှပ်စစ်ဓါတ်အားစမ်းသပ်ထုတ်လုပ်နေခြင်း၊ စက်ပစ္စည်းတပ်ဆင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများ၊ ငါးအသားလွှာ ပြုပြင်ထုတ်လုပ်ခြင်းနှင့် အေးခဲခြင်းစက်ရုံနှင့် automated cold storage warehouse တို့တွင် စက်ပစ္စည်းတပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံရှင်းလင်းပြသခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးနှင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးမှာကြားခဲ့ပြီး လိုအပ်သည်များတင်ပြမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

09-Dec-2024
2025 Ayeyarwady Division