ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဆည်မြောင်းတူးဖော်ခြင်းလုပ်ငန်းများနှင့် ရေကျနောက်စိုက်စပါးစိုက်ခင်းများ အချိန်မီစိုက်ပျိုးနိုင်ရေးကြည့်ရှုစစ်ဆေး

ပုသိမ်        ဒီဇင်ဘာ        ၆

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကျောင်းကုန်း မြို့နယ်၊ ဂုန်မင်းအုပ်စု၊ ရှင်ပြန်မြောင်းမှလယ်တီစုရွာအထိ ကားလမ်းဘေးဝဲ/ယာ မြောင်း တူးဖော်ခြင်းလုပ်ငန်း အလျား (၄.၄၄၀)မိုင်၊ အကျယ်(၂၂)ပေ၊ ပျမ်းမျှအနက်(၇)ပေ တူးဖော်နေမှု များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ ရေမြောင်းတူးဖော်ပြီးပါက မြောင်းတာဘောင်များ၊ မြေလွတ်များတွင် သီးပင် စားပင်များ၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များ စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန် မှာကြားခဲ့သည်။  

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်သာပေါင်းမြို့နယ်၊ သဲဗွက်ကျေးရွာ၌ ရေကျနောက်စိုက် စိုက်ခင်းများတွင် အချိန်မီစပါးပြန်လည်စိုက်ပျိုးရန် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သီးထပ်စွမ်းအားတိုးတက်စေရေးအတွက် ရေကျနောက်စိုက်ဧကများတွင် တစ်နှစ် နှစ်သီး စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်း များကို အချိန်မီဆောင်ရွက်ရန်၊ ဆည်မြောင်းတာဘောင်များ၊ မြေလွတ်နေရာများတွင် နေကြာ၊ ပဲပုပ်အစရှိသည့် ဆီထွက်သီးနှံများ၊  သီးပင်စားပင်များစိုက်ပျိုးနိုင်ရေး၊ ရေမြောင်းများတွင် ဘဲ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့်  နိုင်ငံတော်မှတူးဖော်ပေးထားသည့် ဆည်မြောင်းများကို အကျိုးရှိစွာအသုံးချ၍ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

06-Dec-2024
2025 Ayeyarwady Division