ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းဒေသကြီးဝန်ကြီးချုပ် ပဉ္မမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အားကစားအဖွဲ့များအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်

ပုသိမ် နိုဝင်ဘာ ၂၂

တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ပြုလုပ်သည့် ပဉ္မမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အားကစားအဖွဲ့များအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား အားကစားနည်းအလိုက် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအသင်းများမှ မိတ်ဆက်တင်ပြခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အားကစားအဖွဲ့ ခေါင်းဆောင် လူမှုရေးရာဝန်ကြီးက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်စခန်းသွင်းလေ့ကျင့်နေစဉ်ကာလများတွင် အားကစားသမား များကို တွေ့ဆုံအားပေးခြင်းများပြုလုပ်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် အောင်မြင်မှုများရရှိရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများကိုလည်း သက်ဆိုင်ရာ အားကစားနည်းအလိုက် တာဝန်များပေးအပ်ခဲ့ပြီး ကြီးကြပ်ဆောင်ရွက်စေခဲ့ပါကြောင်းနှင့် စခန်းသွင်းလေ့ကျင့်သည့် နေရာများကိုလည်း သတ်မှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၏ အားကစား အဆင့်အတန်းသည် တစ်နှစ်ထက်တစ်နှစ် အဆင့်မြင့်မားရန်နှင့် မိမိတို့မျှော်မှန်း ထားသည့် အဆင့်များရောက်အောင် အားကစားသမားများအနေဖြင့် ကြိုးစားယှဉ်ပြိုင်ကြရမည် ဖြစ်ပါကြောင်းနှင့် ရရှိသည့်အချိန်တွင် စနစ်တကျကြိုးစားလေ့ကျင့်ရမည် ဖြစ်ပါကြောင်း၊ အားကစားသမားများအားလုံး တိုင်းဒေသကြီး၏ဂုဏ်ကို အားကစားဖြင့် မြှင့်တင်မည်ဆိုသည့် စိတ်ဖြင့် တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်စွာ ရေကုန်ရေခမ်း ကြိုးစားယှဉ်ပြိုင်သွားကြရန် လိုပါကြောင်း၊ အားကစားနည်းများအလိုက် စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာပြီး အားကစားစိတ်ဓာတ်အပြည့်ဖြင့် ကိုယ်စီကိုယ်စီ ဆုတံဆိပ်များရရှိအောင် ကြိုးစားယှဉ်ပြိုင် သွားကြရန် လိုပါကြောင်း” တိုက်တွန်းအမှာစကား ပြောကြားပြီး အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ ငွေတစ်ဦးလျင် ကျပ်တစ်သိန်းနှုန်းဖြင့် အုပ်ချုပ်/နည်းပြ/ ကစားသမား/ရုံးအဖွဲ့ (၅၅၄) ဦးအတွက် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအားကစားအဖွဲ့ ခေါင်းဆောင် လူမှုရေးရာဝန်ကြီးက လက်ခံရယူခဲ့သည်။ ပဉ္မမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အုပ်ချုပ်၊ နည်းပြ၊ ကစားသမား၊ ရုံးအဖွဲ့ (၅၅၄)ဦး သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းနှင့် အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာသည့် အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

22-Nov-2024
2025 Ayeyarwady Division