ပုသိမ် နိုဝင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်း ကြိုကျောင်း အဆောက်အဦ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ မူလတန်းကြိုကျောင်း အဆောက်အဦဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ပန္နက်တင်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပန္နက်တင်မည့် သတ်မှတ်နေရာများတွင် နေရာယူပြီးနောက် မင်္ဂလာအချိန်ရောက်ရှိသည်နှင့်တပြိုက်နက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဦးဆောင်ကာ ပန္နက်တင်ခဲ့ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးခဲ့ကြသည်။ ယင်းနောက် ရှင်းလင်းဆောင်တွင် ကန်ကြီးထောင့်မူလတန်းကြိုကျောင်း ဆောက်လုပ်မည့် ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက အဆောက်အဦဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆောက်အဦအရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့သည်။