ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်သည့် (၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်အထိမ်းအမှတ်၊ ကမ္ဘာ့ကလေးများနေ့အခမ်းအနားသို့ တက်ရောက်

ပုသိမ် နိုဝင်ဘာလ ၂၀

(၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်အထိမ်းအမှတ်၊ ကမ္ဘာ့ကလေးများနေ့အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ အစိုးရမဟုတ်သော စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့်ကလေးသူငယ်များတက်ရောက်ခဲ့ကြသည်။

(၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်အထိမ်းအမှတ်၊ ကမ္ဘာ့ကလေးများနေ့အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့် လျော်ညီစွာ အဖွဲ့ဝင်နိုင်ငံအများ သဘောတူထားသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း (Convention on the Rights of the Child - UNCRC ) ကို ကလေးသူငယ်များရဲ့ အကောင်းဆုံးအကျိုးစီးပွားကိုမျှော်တွေးပြီး ၁၉၉၁ ခုနှစ်တွင် အဖွဲ့ဝင် နိုင်ငံအဖြစ်လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်ကိုအပြည်ပြည်ဆိုင်ရာစာချုပ်အဖြစ် အတည်ပြုပြဌာန်းခဲ့သည့် နိုဝင်ဘာလ(၂၀)ရက်နေ့ကို ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့ ၊ ကမ္ဘာ့ကလေးများနေ့(World Children Day) အဖြစ်သတ်မှတ်ခဲ့ပြီး ကလေးများကိုယ်တိုင်ပါဝင်သည့် အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာတစ်ဝန်း ကျင်းပခဲ့ခြင်းဖြစ်ပါကြောင်း၊ ကလေးများအတွက်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူ စာချုပ်အရအခြေခံလိုအပ်ချက်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့် နှင့် ပါဝင်ဆောင်ရွက်ခွင့်များကို ဆောင်ရွက်ပေးရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဟာ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေ၊ ကလေးသူငယ်အခွင့်အရေး များ ဆိုင်ရာဥပဒေများကို ပြဌာန်းခဲ့ပြီး နိုင်ငံတော်အဆင့် အမျိုးသားကော်မတီများဖွဲ့စည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် မိမိတို့တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တိုင်းတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအသီးသီးကို ပြင်ဆင်ဖွဲ့စည်းပြီး ကလေးသူငယ်များ၏ အရေးကိစ္စများကိုပုံမှန်အစည်းအဝေးများ၊ အရေးကိစ္စကြုံလာပါက အရေးပေါ်အစည်းအဝေးများ ကျင်းပ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကုလသမဂ္ဂအဖွဲ့ကြီးက ယခုနှစ် ပေးပို့လာသည့် ဆောင်ပုဒ်မှာ“Listen to the Future ” ဖြစ်ပြီး “ အနာဂတ်သာယာကောင်းမွန်ရေးကလေးများအသံနားထောင်ပေး ” ဖြစ်သည့်အတွက် ကမ္ဘာပေါ်ရှိ ကလေးများအားလုံးရဲ့ အခွင့်အရေးတစ်ရပ်ဖြစ်သည့် ကလေးများကိုယ်တိုင်ပါဝင်ဆောင်ရွက်ခွင့် ရရှိစေရန် ကလေးများ၏အသံကို နားထောင်၍ အနာဂတ်သာယာကောင်းမွန်စေရန် ဖန်တီးပေးနိုင်ရေးရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊ ကလေးများ၏ မွေးရာပါအခွင့်အရေးများ အပြည့်အဝရရှိစေရေးနှင့် မဆုံးရှုံးစေရေးအတွက် ကလေးသူငယ်အခွင့်အရေးများကို ဌာနဆိုင်ရာများ၊ မိဘများနှင့် ပြည်သူတစ်ရပ်လုံးသိရှိဖြည့်ဆည်းပေးပြီး ကလေးတိုင်းအကြားအလပ်မရှိ အခွင့်အရေးများတန်းတူရရှိနိုင်ဖို့အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ အစိုးရမဟုတ်သော စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများအပါအဝင် သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ ပုဂ္ဂိုလ်များအနေဖြင့် စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်လိုပါကြောင်း” တိုက်တွန်းအမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပေးပို့သည့် မှတ်တမ်း ဗီဒီယိုနှင့် ပုသိမ်မူလတန်းကြိုကျောင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၊ PEC ပုဂ္ဂလိကမူလတန်းကြိုကျောင်း၊ ပုသိမ်ကလေးပြုစုရေးဌာန၊ Bright Star ပုဂ္ဂလိကမူလတန်းကြိုကျောင်း၊ အ.မ.က(၉) ပုသိမ်မူလတန်းကျောင်း၊ Bright Star ပုဂ္ဂလိကမူလတန်းကျောင်း၊ အ.မ.က(၂၄) ပုသိမ်မူလတန်းကျောင်းများမှ ရင်သွေးငယ်များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကမ္ဘာ့ကလေးများနေ့အကြိုစာစီစာကုံးပြိုင်ပွဲ အခြေခံပညာအထက်တန်းအဆင့်တွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ဆုများနှင့် ကပြဖျော်ဖြေသည့်ရင်သွေးငယ်များအားဂုဏ်ပြုလက်ဆောင်များ၊ ဂုဏ်ပြုဆုများကိုလည်းကောင်း၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက ကမ္ဘာ့ကလေးများနေ့အကြိုစာစီစာကုံးပြိုင်ပွဲ အခြေခံပညာအလယ်တန်းအဆင့်တွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ဆုများနှင့် ကပြဖျော်ဖြေသည့်ရင်သွေးငယ်များအား ဂုဏ်ပြုလက်ဆောင်၊ ဂုဏ်ပြုဆုများကိုလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့ကာတာဝန်ရှိသူများက ကပြဖျော်ဖြေသည့်ရင်သွေးငယ်များအား ဂုဏ်ပြုလက်ဆောင်၊ ဂုဏ်ပြုဆုများကိုအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီးစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူး၍ အခမ်းအနားပြီးစီးခဲ့ကြောင်းသိရသည်။

20-Nov-2024
2025 Ayeyarwady Division