ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဘော်လီဘောလက်ရည်စမ်းယှဉ်ပြိုင်မှုအား ကြည့်ရှုအားပေး

ပုသိမ် နိုဝင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် သက်ဆိုင်ရာအားကစားနည်းများအလိုက် စခန်းသွင်းလေ့ကျင့်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ စခန်းသွင်းလေ့ကျင့်နေသည့် အားကစားအဖွဲ့များ၏လေ့ကျင့်ပြင်ဆင်နေမှုများကို ယနေ့ညနေပိုင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းသို့ သွားရောက်၍ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်နေသည့် အမျိုးသမီးဘော်လီဘောအသင်း၏လက်ရည်စမ်းပြိုင်ပွဲ ယှဉ်ပြိုင်နေမှုနှင့် အမျိုးသား ဘော်လီဘောအသင်း၏လက်ရည်စမ်းပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုးသိန်းဘောလုံးအားကစားကွင်းတွင် လက်ရည်စမ်းပြိုင်ပွဲယှည်ပြိုင်ရန် ​ေရာက်ရှိနေသည့် လက်ဝှေ့အားကစားအဖွဲ့၏ လေ့ကျင့်ပြင်ဆင်နေမှုများအားလည်းကောင်း၊ ပြေးခုန်ပစ်ပြိုင်ပွဲဝင်များ၏ လေ့ကျင့်ပြင်ဆင်နေမှုများအားလည်းကောင်း၊ အမျိုးသမီးဘောလုံးအသင်း၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ စားပွဲတင်တင်းနစ်၊ ဝူရူးအားကစားသမားများ၏ လေ့ကျင့်ပြင်ဆင်နေမှုများအား လှည့်ပတ်ကြည့်ရှုခဲ့ပြီး စံချိန်ကောင်းများရရှိရန် ကြိုးစားကြစေလိုကြောင်း၊ နည်းပြများမှ စနစ်တကျလေ့ကျင့်ပြင်ဆင်ပေးစေလိုကြောင်း၊နှင့် အစားအသောက်နှင့်ကျန်းမာရေးအထူးဂရုစိုက်ကြစေလိုကြောင်းမှာကြားခဲ့ ကြောင်းသိရသည်။

19-Nov-2024
2025 Ayeyarwady Division