ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ ပြည်သူ့ဆေးရုံတွင် သက်ကြီးဘိုးဘွားများအား သွားကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် သွားတုပြုလုပ်တပ်ဆင်ပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေး

ပုသိမ် နိုဝင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ၁၄.၁၁.၂၀၂၄ မှ ၁၇.၁၁.၂၀၂၄ ထိ ဆောင်ရွက်လျှက်ရှိသော သက်ကြီးဘိုးဘွားများအား သွားကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် သွားတု ပြုလုပ်တပ်ဆင်ပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းေဒသကြီးဝန်ကြီးချုပ်အား တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများအား သွားကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွားနှုတ်ခြင်း၊ OPG X Ray ဓာတ်မှန်စက်ဖြင့်ရိုက်ကူး စစ်ဆေးခြင်း၊ သွားတုအံကပ်ပုံစံများရယူခြင်း၊ ပြန်လည်ချိန်ညှိခြင်း၊ အတည်ပြုထုတ်လုပ်ခြင်းများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးက ဘိုးဘွားများအား သွားတုအံကပ်များတပ်ဆင်ပေးခဲ့ပြီး ဘိုးဘွားများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကာ အားပေးစကားများပြောကြားခဲ့ပါသည်။ အဆိုပါ သက်ကြီးဘိုးဘွားများအား သွားကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် သွားတုပြုလုပ် တပ်ဆင်ပေးခြင်းများကို ပုသိမ်မြို့၊ သီရိဝဏ္ဏဘိုးဘွားရိပ်သာ(ရွှေမြင်တင်)နှင့် စက်တော်ရာ ဘိုးဘွားရိပ်သာတို့မှ ဘိုးဘွား(၃၅)ဦး၊ ပြင်ပမှ ဘိုးဘွား(၁၂)ဦး စုစုပေါင်း(၄၇)ဦး အား သွားနှင့်ခံတွင်းအထူးကုဆရာဝန်ကြီးများမှ စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

17-Nov-2024
2025 Ayeyarwady Division