ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေး

ပုသိမ်     နိုဝင်ဘာ ၁၆ 

ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ်၊ မြို့များရှိ  ဘုရားစေတီ များ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ရပ်ကွက်များအတွင်း သန့်ရှင်းသာယာမှုရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ ရွှေစည်းခုံစေတီတော်ဝန်းအတွင်း စေတီတော်ရင်ပြင်တော်နှင့် ပရဝဏ်အတွင်း တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ပြည်သူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး  စေတီတော်အတွင်းရှိ ဆင်းတုတော်များအားရောင် တော်ဖွင့်ခြင်း၊ သာသနိကအဆောင်အဦများအား ရေညှိများတိုက်ချွတ်ခြင်း ေချးချွတ်ခြင်း၊ ဆေးသုတ်ခြင်းများဆောင်ရွက်ရန်၊ လျှပ်စစ်မီးကြိုးများ စနစ်တကျသွယ်တန်းရန်၊ အလင်းေရာင် ကောင်းမွန်စွာရရှိစေရေး သစ်ပင်သစ်ကိုင်းများအား စနစ်တကျခုတ်ထွင်ရှင်းလင်းရန်၊  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေးကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်သွားရန်နှင့် မြို့သန့်ရှင်းသာယာလှပစေရေး အစဉ်တစိုက် ဆောင်ရွက်ကြရန် မှာကြားခဲ့ ကြောင်းသိရသည်။

16-Nov-2024
2025 Ayeyarwady Division