ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းဒေသကြီးဝန်ကြီးချုပ် ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်နေသည့် လက်ဝှေ့အဖွဲ့အား တွေ့ဆုံအားပေး

ပုသိမ်         အောက်တိုဘာ       ၂၉

ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မော်လမြိုင်ကျွန်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားပြိုင်ပွဲရုံ၌ စခန်းသွင်းလေ့ကျင့်နေသည့် လက်ဝှေ့အဖွဲ့အား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက သွားရောက်တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား တာဝန်ရှိသူတစ်ဦးက ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် (အမျိုးသား/ အမျိုးသမီး) ဝိတ်တန်းအလိုက် လက်​ဝှေ့အားကစားသမားများနှင့် မိတ်ဆက်ပေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အားကစားသမားများအား အာရပြည့်စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပြီး အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲဝင်များ၏ သရုပ်ပြယှဉ်ပြိုင်​နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အားကစားသမားများအား တိုင်း​ဒေသကြီးဂုဏ်​ဆောင် ဆုတံဆိပ်များရရှိ​အောင် ကြိုးစားယှဥ်ပြိုင်ကြရန် အား​ပေးစကားများ​ပြောကြားခဲ့သည်။

29-Oct-2024
2025 Ayeyarwady Division