ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဇလွန်မြို့နယ်ရှိ ဧရာဝတီဟင်္သာတတာ တာတမံ တောင့်တင်းခိုင်မာအောင် ပြုလုပ်ခြင်းလုပ်ငန်း အခြေအနေ၊ ကမ်းထိန်းလုပ်ငန်းအခြေအနေ၊ ဇလွန်မြို့နယ်၊ ဝါသလရွာအနီး မြစ်ဖြတ်မြောင်းကောခြင်းအား တူးဖော်မည့်အခြေအနေများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၃.၂.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဇလွန်မြို့နယ်ရှိ ဧရာဝတီဟင်္သာတတာ တာတမံ တောင့်တင်းခိုင်မာအောင် ပြုလုပ်ခြင်းလုပ်ငန်း အခြေအနေ၊ ၂၀၁၇ - ၂၀၁၈ ခုဘဏ္ဍာရေးနှစ် တိုင်းဒေသသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ကမ်းထိန်းလုပ်ငန်းအခြေအနေ၊ ဇလွန်မြို့နယ်၊ ဝါသလရွာအနီး မြစ်ဖြတ်မြောင်းကောခြင်းအား တူးဖော်မည့်အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ဆောင်ရွက်မည့်လုပ်ငန်းအစီအမံတို့အား ပြန်လည်ရှင်းလင်းတင်ပြခဲ့ပါသည်။

23-Feb-2018
2026 Ayeyarwady Division