ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ် -ချောင်းသာကားလမ်း မျက်ကွယ်ကွေ့များအား Sight Distance ရရှိစေရန်အတွက် ဖြတ်မြေလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

ပုသိမ်        အောက်တိုဘာ        ၁၆

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ နှင့်အတူ ပုသိမ် - ချောင်းသာကားလမ်း မျက်ကွယ်ကွေ့များအား Sight Distance ရရှိစေရန်အတွက် ဖြတ်မြေလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ် - ချောင်းသာကားလမ်း မိုင်(၁၇/၃မှ ၁၉/၀) အတွင်းရှိ မျက်ကွယ်ကွေ့(၃၃၆၀)ပေအား Sight Distance ရရှိစေရန်အတွက် ဖြတ်မြေလုပ်ငန်း ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ မိုင်(၁၉/၄ မှ ၂၂/၂)အတွင်းရှိ မျက်ကွယ်ကွေ့ (၁၇၆၅) ပေအား Sight Distance ရရှိစေရန်အတွက် ဖြတ်မြေလုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးနှင့် ယခု သီတင်းကျွတ်ကာလ ချောင်းသာကမ်းခြေ အပန်းဖြေလာရောက်သည့် ခရီးသွားယာဉ်များ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးတို့ကို အထူးအလေးထား ဆောင်ရွက်ရန်မှာကြားခဲ့သည်။

16-Oct-2024
2025 Ayeyarwady Division