ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဘုရားအမှူးပြုသော သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း ရေစက်ချမင်္ဂလာအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၆.၂.၂၀၁၈)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းအဆင့်ဌာနဆိုင်ရာများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ (၁)၌ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဘုရားအမှူးပြုသော သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း ရေစက်ချမင်္ဂလာအခမ်းအနားသို့ တက်ရောက်၍ ကြွရောက်လာကြသော ဆရာတော်အရှင်သူမြတ်တို့ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် ပရိတ်တရားတော်များနာယူခြင်း၊ ဆရာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။

06-Feb-2018
2025 Ayeyarwady Division