ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ ကန်သုံးဆင့်ကန်ပတ်လမ်းတိုးချဲ့ဆောင်ရွက်နေမှုနှင့် ပုသိမ်-ရှောပြာ-ချောင်းသာကားလမ်း(မိုင်၀/၀မှ၀/၇.၂၅)အတွင်း ယာဉ်သွားလမ်းချဲ့ခြင်းနှင့် လူသွားလမ်းပလက်ဖောင်းတည်ဆောက်ခြင်းလုပ်ငန်း ဆိုင်ကယ်သွားလမ်းအတွက် ၅ပေ အကျယ်ကွန်ကရစ်လမ်းနှစ်ဘက်တည် ဆောက်ခြင်း၊ ၅ပေအကျယ် လူသွားလမ်းနှစ်ဘက်တည်ဆောက်ခြင်းအတွက် မြေညှိခြင်းလုပ်ငန်းများဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေး

ပုသိမ် စက်တင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သိမ်မြို့ ကန်သုံးဆင့်ကန်ပတ်လမ်းတိုးချဲ့ဆောင်ရွက်နေမှုနှင့် ပုသိမ်-ရှောပြာ-ချောင်းသာကားလမ်း(မိုင်၀/၀မှ ၀/၇.၂၅) အတွင်း ယာဉ်သွားလမ်းချဲ့ခြင်းနှင့် လူသွားလမ်းပလက်ဖောင်းတည်ဆောက်ခြင်းလုပ်ငန်း၊ ဆိုင်ကယ်သွားလမ်းအတွက် ၅ပေ အကျယ်ကွန်ကရစ်လမ်းနှစ်ဘက်တည်ဆောက်ခြင်း၊ ၅ပေအကျယ် လူသွားလမ်းနှစ်ဘက်တည်ဆောက်ခြင်းအတွက် မြေညှိခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကန်သုံးဆင့် ပန်းခြံသို့သွားရောက်၍ ကန်ပတ်လမ်း တိုးချဲ့တည်ဆောက်နေမှုများနှင့် ကန်သုံးဆင့်ပန်းခြံ စိမ်းလန်းစိုပြေစေရေးအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ်  ကန်ပတ်လမ်းအားလမ်းပုခုံးများစနစ်တကျဆောင်ရွက်စေရေး၊ အများပြည်သူများစိတ်အေးချမ်းစွာအနားယူနိုင်စေရေး၊  မြတ်ခင်းများစနစ်တကျစိုက်ပျိုးစေရေး၊ ပျိုးဥယျာဉ်များစနစ်တကျစိုက်ပျိုးစေရေးနှင့် အမှိုက်ပုံးများထားရှိ၍ အမှိုက်များစနစ်တကျစွန့်ပစ်စေရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးမှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်-ရှောပြာ-ချောင်းသာကားလမ်း(မိုင်၀/၀မှ၀/၇.၂၅)အတွင်းယာဉ်သွားလမ်းချဲ့ခြင်းနှင့် လူသွားလမ်းပလက်ဖောင်းတည်ဆောက်ခြင်းလုပ်ငန်းသို့သွားရောက်၍ ဆိုင်ကယ်သွားလမ်းအတွက် ၅ပေ အကျယ်ကွန်ကရစ်လမ်းနှစ်ဘက်တည် ဆောက်ခြင်း၊ ၅ပေအကျယ် လူသွားလမ်းနှစ်ဘက်တည်ဆောက်ခြင်းအတွက် မြေညှိခြင်းလုပ်ငန်းများဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ လမ်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ green area  ဆောင်ရွက်မည့်အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းအရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့သည်။

29-Sep-2024
2025 Ayeyarwady Division