ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီး၊ (၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တတိယနေ့ပြိုင်ပွဲများကြည့်ရှုအားပေး

ပုသိမ် စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ (၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တတိယနေ့ ပြိုင်ပွဲများ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ဆက်လက်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့် အတူ ပြိုင်ပွဲဝင်များ၏ ပါဝင်ယှဉ်ပြိုင်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တတိယနေ့ညနေပိုင်း ပြိုင်ပွဲများဖြစ်သည့် ဝါသနာရှင်ဒုတိယတန်း(အမျိုးသား/ အမျိုးသမီး)ဆိုင်းတစ်ဦးချင်း၊ အခြေခံပညာ (၁၅-၂၀ အမျိုးသား/အမျိုးသမီး) ဆိုင်းတစ်ဦးချင်း၊ ဝါသနာရှင်ပထမတန်း(အမျိုးသမီး) ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်၊ ဝါသနာရှင်ဒုတိယတန်း (အမျိုးသား/ အမျိုးသမီး) ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်တို့၏ ပြိုင်ပွဲဝင်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ကျင်းပသည့် ဝါသနာရှင်ပထမတန်း (ရုပ်စုံသဘင်) ပြိုင်ပွဲအား ဆက်လက်ကြည့်ရှုအားပေးခဲ့ပြီး (ရုပ်စုံသဘင်)အဖွဲ့အား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

06-Sep-2024
2025 Ayeyarwady Division