ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြီးနစ်မြုပ်ပြန်ပေါ်စိုက်ဧကများတွင် မိုးစပါးများပြန်လည်စိုက်ပျိုးမှုအားကြည့်ရှုအားပေး

ပုသိမ်   စက်တင်ဘာ   ၂

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့နယ်၊ ကန်ကြီးထောင်မြို့နယ်များရှိ ရေကြီးနစ်မြုပ် ပြန်ပေါ်စိုက်ဧကများတွင် မိုးစပါးများ ‌ပြန်လည်စိုက်ပျိုးနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အနန်းကုန်းကျေးရွာအုပ်စု၊ ခွေးတောက်ချောင်းကျေးရွာရှိ တောင်သူဦးသန်းထွေး၏ ရေကြီးနစ်မြုပ် ပြန်ပေါ်စိုက်ဧက(၄)ဧကတွင် မိုးစပါးဧရာမင်းစပါးမျိုးအား ပြန်လည်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး မြေပြင်စရိတ်၊ ကောက်စိုက်ခ၊ ပျိုးနှုတ်ခစသည့်တစ်ဧက ကုန်ကျစရိတ်များနှင့် ပြန်လည်စိုက်ပျိုးမှု အခြေအနေများကိုေဆွးေနွးမေးမြန်းခဲ့ပြီး စိုက်ဧကများပြည့်မီစွာစိုက်ပျိုးရန်၊ပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် ဆောင်ရွက်ရန် စိုက်ဧကများရေကြီးနစ်မြုပ်မှုကြောင့် ပိုးမွှားကျရောက်မှုအန္တရာယ်ကျရောက်မှုကိုလည်း သတိပြုရန်လိုပါကြောင်းနှင့် ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာအချိုးကျထည့်သွင်းသုံးစွဲရန်လိုပါကြောင်း”  ဆွေးနွေးပြောကြားခဲ့ပြီး ကောက်စိုက်လုံမေများအား စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာရှိ တောင်သူဦးကျော်ကိုကိုဟိန်း အောင်၏ ရေကြီးနစ်မြုပ် ထိခိုက်စိုက်ဧက(၃)ဧကတွင် မိုးစပါးပြန်လည်စိုက်ပျိုးနေမှုများကိုကြည့်ရှုအားပေးပြီး တာဝန်ရှိသူများမှ ထိုခိုက်ပျက်စီးအခြေအနေများနှင့်ပြန်လည်စိုက်ပျိုးမှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ဧကများပြည့်မီစွာ အချိန်မီစိုက်ပျိုးစေရေး၊ သက်တမ်းတိုမျိုးစပါးစိုက်ပျိုးစေရေးဆွေးနွေးပြောကြားခဲ့ပြီး ကောက်စိုက်လုံမေများအား စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့သည်။

 

02-Sep-2024
2025 Ayeyarwady Division