ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း စက်ပါလက်ဆွဲကောက်စိုက်စက်၊ စက်မပါလက်ဆွဲကောက်စိုက်စက်နှင့် လက်ထိုးလက်ဆွဲကောက်စိုက်စက်များဖြင့်စိုက်ပျိုးနေမှုများကိုကြည့်ရှုအားပေး

ပုသိမ်        ဩဂုတ်       ၂၆

စက်မှုလယ်ယာဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)နှင့် ပုသိမ်စက်မှုဇုန်တို့ ပူးပေါင်းထုတ်လုပ်သည့် (စက်ပါ) ခြောက်တန်းသွားလက်ဆွဲကောက်စိုက်စက်၊ (စက်မပါ) ခြောက်တန်းသွားလက်ဆွဲကောက်စိုက်စက်နှင့် လေးတန်းသွားလက်ထိုးလက်ဆွဲကောက်စိုက်စက်များ ဖြင့် ပုသိမ်မြို့နယ်၊ တွန်ပလွန်ကျေးရွာအုပ်စုရှိ တောင်သူဦးဝင်းမြင့်လှိုင်၏ လယ်ဧကတွင်စမ်းသပ်စိုက်ပျိုးနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယခုလ (၂၅)ရက်နေ့ ညနေပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ပုသိမ်မြို့နယ်၊ တွန်ပလွန်ကျေးရွာအုပ်စုရှိ တောင်သူဦးဝင်းမြင့်လှိုင်၏ လယ်ဧက(၅)ဧကတွင် ဗျော့ထွန်းစပါးမျိုးအား စက်မှုလယ်ယာဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)နှင့် ပုသိမ်စက်မှုဇုန်တို့ ပူးပေါင်းထုတ်လုပ်သည့် (စက်ပါ) ခြောက်တန်းသွားလက်ဆွဲကောက်စိုက်စက်၊ (စက်မပါ) ခြောက်တန်းသွားလက်ဆွဲကောက်စိုက်စက်နှင့် လေးတန်းသွားလက်ထိုးလက်ဆွဲကောက်စိုက်စက်များဖြင့် စမ်းသပ်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ အထွက်နှုန်းများတိုးတက်စေရေးအတွက် ကောက်စိုက်စက်များ၊ လက်ဆွဲကောက်စိုက်များ၊ အစေ့ချစက်များအသုံးပြုစိုက်ပျိုးခြင်းများ ဆောင်ရွက်စေရေး၊ အထွက်တိုးမျိုးစပါးများအသုံးပြုစိုက်ပျိုးစေရေးမှာကြားခဲ့ပြီး တာဝန်ရှိသူများအား တောင်သူများ အဆင်ပြေစွာ အသုံးပြုနိုင်မည့် ကောက်စိုက်စက်များထုတ်လုပ်နိုင်ရေး မှာကြားခဲ့ကြောင်းသိရသည်။

 

26-Aug-2024
2025 Ayeyarwady Division