ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၄ခုနှစ်၊ မိုးစပါးတွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်သူများအား မျိုးစပါးနှင့်သွင်းအားစုများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်

ပုသိမ်     ဩဂုတ်       ၂၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ယနေ့မွန်းလွဲပိုင်း၌ အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်တန်ခန်းမတွင်ပြုလုပ်သည့် ၂၀၂၄ခုနှစ်၊ မိုးစပါးတွင်  ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်သူများအား မျိုးစပါးနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“  မိုးအဆက်မပြတ်ရွာသွန်းမှုများပြားပြီး မြစ်ရေကြီးမှုဖြစ်စဥ်များကြောင့် တိုင်းဒေသကြီးအတွင်း၌ စိုက်ပျိုးဧကများရေကြီး နစ်မြုပ်ခဲ့ရပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးခဲ့သည့် စိုက်ဧကများအတွက်မျိုးစပါးနှင့် သွင်းအာစုများကို နည်းလမ်းအသွယ်သွယ်ဖြင့်အချိန်မီကုစားနိုင်ရေးဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်စိုက်ဧကများမှ ပြန်ပေါ်စိုက်ဧကများတွင် ပျက်စီးခဲ့သည်စိုက်ဧကများအား မိုးစပါးများပြန်လည်ထွန်ယက်စိုက်ပျိုးခြင်းနှင့် ထိခိုက်ခဲ့သည့်စိုက်ဧကများအတွက် အထွက်နှုန်းများထိခိုက်မှုမရှိစေရေးကုစားခြင်းများဆောင်ရွက်လျက်ရှိပြီး စိုက်ဧကများပြည့်မီစေရေးနှင့် အထွက်နှုန်းများထိခိုက်မှုမရှိစေရေး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည့်စိုက်ဧကများတွင် အချိန်မီ၊ ရာသီမီစိုက်ပျိုးနိုင်ရန်နှင့် ဒုတိယသီးနှံများအချိန်မီစိုက်ပျိုးနိုင်ရေးအတွက်လည်း ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ထိခိုက် ပျက်စီးခဲ့သည့်စိုက်ဧကများတွင် အချိန်မီကုစားဖြည့်တင်းစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သော မျိုးစပါး၊ သွင်းအားစုများကို ဝယ်ယူကြိတ်ခွဲရေးအစုအဖွဲ့များ၊ သွင်းအားစုကုမ္ပဏီများ၊ မျိုးစေ့ထုတ်ကုမ္ပဏီများ ဖိတ်ခေါ်၍ ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့်လည်း ထိခိုက်ပျက်စီးခဲ့သည့် စိုက်ဧကများတွင် အချိန်မီ ကုစားစိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းနှင့် စိုက်ဧကများပြည့်မီစေရေးနှင့် အထွက်နှုန်းများထိခိုက်မှုမရှိစေရေး အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း” အမှာစကားများပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်သူများအား မျိုးစပါးနှင့် သွင်းအားစုများထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ ကြောင်းသိရသည်။

23-Aug-2024
2025 Ayeyarwady Division