ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတခရိုင်အတွင်းရှိ လယ်မြေများ ရေကြီးနစ်မြုပ်၊ ထိခိုက်၊ ပျက်စီးမှုအပေါ်တောင်သူများအား မျိုးစပါး၊ သွင်းအားစု ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်

ပုသိမ် သြဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ဟင်္သာတခရိုင်အတွင်းရှိ လယ်မြေများ ရေကြီးနစ်မြုပ်၊ ထိခိုက်၊ ပျက်စီးမှုအပေါ် တောင်သူများအား မျိုးစပါး၊ သွင်းအားစု (ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ)ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“  တိုင်းဒေသကြီးအတွင်း မိုးများပြားစွာရွာသွန်းခြင်းနှင့် မြစ်ရေကြီးမှုများကြောင့် တောင်သူများ၏ လယ်မြေစိုက်ဧကများ ရေကြီးနစ်မြုပ်၊ ထိခိုက်၊ ပျက်စီးမှုများရှိခဲ့ပါကြောင်း၊  မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့နေဖြင့်လည်း ရေကြီးနစ်မြုပ်၊ ထိခိုက်၊ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် တောင်သူများအား ပံ့ပိုးပေးသလိုဝယ်ယူကြိတ်ခွဲရေးအစုအဖွဲ့များအနေဖြင့်လည်း တောင်သူကြီးများအား ကူညီပံ့ပိုးပေးကြစေလိုကြောင်း၊ စိုက်ဧကများပြည့်မီအောင်စိုက်ပျိုးနိုင်ရန်နှင့်အထွက်နှုန်းေလျာ့နည်းမှုမဖြစ်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်” အမှာစကားများပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဟင်္သာတမြို့နယ်အတွင်းရှိ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် တောင်သူများထံသို့ မျိုးစပါးများကိုလည်းကောင်း၊ ဇလွန်မြို့နယ်အတွင်းရှိ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် တောင်သူများထံသို့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဓာတ်မြေဩဇာများကိုလည်းကောင်း၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် တောင်သူများထံ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက သဘာဝမြေဩဇာများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး ရေကြီးနစ်မြုပ်စိုက်ဧကများတွင် မိုးစပါးပြန်လည်စိုက်ပျိုးနေမှုများကို တောင်သူများက ရှင်းလင်းတင်ပြကာ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ မင်းဒရယ်ကျေးရွာရှိ တောင်သူဦးကျော်စံအေး၏ စိုက်ဧက(၇)ဧကတွင် ၂၀၂၄-၂၀၂၅ခုနှစ်၊ မိုစးပါးရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးဧကများအား ဆင်းသုခစပါးမျိုး ပြန်လည်ကုစား အစားထိုး စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးစိုက်ဧကများပြည့်မီစေရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။

15-Aug-2024
2025 Ayeyarwady Division