ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

နိုင်ငံတော်ကာကွယ်ရေး နှင့်လုံခြုံရေးတာဝန်ကို စွမ်းစွမ်းတမံထမ်းဆောင်နေသောတပ်မတော်သားများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က စားသောက်ဖွယ်ရာများဂုဏ်ပြုလှူဒါန်းပွဲကျင်းပ

ပုသိမ်      ဩဂုတ်        ၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်သည့် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်နေသော တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က စားသောက်ဖွယ်ရာများ ဂုဏ်ပြုလှူဒါန်းပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က“နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်ကို ထမ်းဆောင်နေသည့် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့က စတုတ္ထအကြိမ်မြောက်လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ ယခုအကြိမ်တွင် အသင့်စားခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ကော်ဖီမစ်၊ ဘီစကစ်၊ ဆေးပေါ့လိပ်များအား ပေးပို့လှူဒါန်းသွားမည် ဖြစ်ပါ ကြောင်းနှင့် ဆက်လက်၍လည်း စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းသွားမည် ဖြစ်ပါကြောင်းနှင့် တရားသောစစ်အောင်ရမည်ဖြစ်ပါကြောင်း” ရှေ့တန်းရောက်တပ်မတော်  သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာ များမေတ္တာဖြင့် ပေးပို့ခြင်းနှင့် ပတ်သက်၍ အမှာစကားများ ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က  အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့  စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး တိုင်းမှူးက တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍   ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မော်တော်ယာဉ်များပေါ်သို့ စားသောက် ဖွယ်ရာများသယ်ယူတင်ပို့နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်နေသော တပ်မတော်သားများအတွက် စတုတ္ထအကြိမ်ပေးပို့ခြင်းဖြစ်ပြီး ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ကော်ဖီမစ်၊ ဘီစကစ်၊ ဆေးပေါ့လိပ် စသည့် အထုတ် ၃၀၀၀ ကျော်၊ စုစုပေါင်းတန်ဖိုး ကျပ်သိန်း(၃၁၀)ကျော်ကို မေတ္တာဖြင့်ပေးအပ် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

06-Aug-2024
2025 Ayeyarwady Division