ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ပုသိမ်မြို့၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၈)ခရိုင် အသက်(၂၅)နှစ် အောက်အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ပုသိမ်        ဇူလိုင်       ၃၁

၂၀၂၄ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်၊ အသက်(၂၅)နှစ်အောက်အမျိုးသမီးဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယ‌နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်အားပေးကြည့်ရှုခဲ့ကြသည်။

ဗိုလ်လုပွဲတွင် ပုသိမ်ခရိုင်ဘောလုံးအသင်းနှင့် မြန်အောင်ခရိုင် ဘောလုံးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပုသိမ်ခရိုင်အသင်းက မြန်အောင်ခရိုင်အသင်းကို အနိုင်ရရှိခဲ့သည်။ ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုပြုလုပ်ရာ ဆုရရှိသည့် ခရိုင်အသင်းများမှ အားကစားသမားများက နေရာယူကြပြီးနောက် ဒုတိယဆုရရှိသည့် မြန်အောင်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို တိုင်းဒေသကြီး ဥပဒေချုပ်ကလည်းကောင်း၊ ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်းမှ အားကစားသမားများနှင့် အကောင်းဆုံးကစားသမားဆုရရှိသူအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်းအား ငွေသားဆုနှင့် ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြသည်။

31-Jul-2024
2025 Ayeyarwady Division