ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြန်အောင်ခရိုင်အတွင်းရှိ ရေလှောင်တမံများအားကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နေ့လည်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများလိုက်ပါလျက် ယခုရက်ပိုင်းအတွင်းမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ရေလှောင်တမံများတွင်ကန် ရေပြည့်အမှတ်ကျော်လွန်ခါ ရေပိုလွှဲမှ ရေကျော်ကျနေမှုကိုသွားရောက်စစ်ဆေးခဲ့ရာ မြန်အောင်ခရိုင်အတွင်းရှိ ရေလှောင်တမံများ၏ ကြံ့ခိုင်မှုအခြေအနေများ၊ ရေသိုလှောင်ထားရှိမှု၊ ရေပိုလွှဲမှ ရေထုတ်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကျေးရွာအနီးရှိ မမြရေလှောင်တမံစီမံကိန်းသို့ သွားရောက်ခဲ့ပြီး ခုနှစ်အလိုက် မိုးရေချိန်လက်မ၊ ပင်မှ ရေပိုလွှဲမှရေကျော်သည့်  အမြင့်ဆုံးရေမှတ်၊ အမြင့်ဆုံးပေ၊ ရေကျော်သည့်ရက်၊ ၂၀၁၈ ခုနှစ် တွင် မမြ ဆည် ရေပိုလွှဲ မှ အမြင့်ဆုံး ၅.၅ပေ  (RL- 320.5 ft ) ရေကျော်ခဲ့မှုနှင့်  ၂၇-၇-၂၀၂၄ ရက်နေ့ ညနေ ၂ နာရီ တွင်  မမြဆည် ရေပိုလွှဲ မှ ရေကျော်အမြင့် ၁.၂  ပေ (RL- 316.2 ft ) မှရေကျော်စီးဆင်းမှုအခြေအနေများရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေပိုလွဲမှ ရေကျော်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များမှာကြားခဲ့ပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊  တပ်ကုန်းကျေးရွာအနီးရှိ ကညင်ရေလှောင်တမံစီမံကိန်းသို့ သွားရောက်၍ ပင်မရေပိုလွှဲမှ နှစ်အလိုက်ရေကျော်မှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက မိုးရေချိန်(လက်မ)၊ အမြင့်ဆုံးရေမှတ်(RL)၊ အမြင့်ဆုံး(ပေ)၊ ရေကျော်သည့်ရက်ပေါင်း၊ ၂၀၁၈ ခုနှစ် တွင် ကညင်ဆည်ရေပိုလွှဲ မှ အမြင့်ဆုံး ၁၀.၉ ပေ (RL- 298.90. ft ) ရေကျော်ခဲ့မှုနှင့် ကညင်ဆည် ရေပိုလွှဲ မှ ၂၇-၇-၂၀၂၄ ရက်နေ့ ညနေ ၃ နာရီ တွင် ကညင်ဆည်ရေပိုလွှဲထိပ်မှ   အမြင့် ၇.၈ ပေ (RL- 295.8 ft ) တွင်ရေကျော်စီးဆင်းမှုအခြေအနေများရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ရှင်းလင်းဆောင်တွင် ရေလှောင်တမံ စီမံကိန်းဆိုင်ရာအချက်အလက်များ၊ တမံကြံ့ခိုင်မှုနှင့်ရေထုတ်ဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေလှောင်တမံ ရေပိုလွှဲကရေကျော်နေမှုကို စောင့်ကြည့်မှတ်တမ်းတင်ထားရှိရန်၊ အချိန်နဲ့တပြေးညီတင်ပြရန်/ရေလှောင်တမံကြံ့ခိုင်ရေး စဉ်ဆက်မပြက်စစ်ဆေးဆောင်ရွက်ရန်မှာကြားခဲ့ပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

27-Jul-2024
2025 Ayeyarwady Division